တရုတ်ရိုးရာနှစ်သစ်ကူးညကို မင်္ဂလာရှိစွာ ဖြတ်သန်းနိုင်ကြပါစေကြောင်း မိမိတို့ညီနောင်မဟာမိတ် (၃) ဖွဲ့မှ ဦးစွာ ဆုတောင်းမေတ္တာပို့သအပ်ပါသည်။ ကမ္ဘာအရပ်ရပ်ရှိ တရုတ်လူမျိုးများ၏ အလေးအမြတ်ထားရာ တရုတ်နှစ်သစ်ကူးကာလတွင် မိသားစုများစုံစုံညီညီနှင့် Family Reunion ညနေခင်းကို အတူဖြတ်သန်းနိုင်ရန် မျှော်လင့်ပါသည်။ မိမိတို့ ညီနောင်မဟာမိတ် (၃) ဖွဲ့အနေဖြင့်လည်း တရုတ်-မြန်မာနယ်စပ်တစ်လျှောက်တွင် တရုတ်နှစ်သစ်ကူးကာလကို စိတ်လုံခြုံစွာဖြင့် ကျော်ဖြတ်နိုင်ရေးအတွက် မိမိတို့မှ သေနတ်သံများမထွက်အောင် အထူးဂရုပြုလျက်ရှိပါသည်။
လူကြည့်အများဆုံး သတင်းများ