တအာင်းပြည်၊ နမ္မတူမြို့ရှိ မီးပွိုင့်လမ်းဆုံတွင် ယာဉ်အန္တရာယ်ကင်းရှင်းရေးနှင့် သွားလာရေး ပိုမိုချောမွေ့စေရေးအတွက် လမ်းအကျယ်နှင့် အရှည်တိုးချဲ့ပြုပြင်ခြင်းလုပ်ငန်းများကို မြို့နယ်စည်ပင်သာယာရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် ဆောင်ရွက်လျက်ရှိသည်။
ယခုဖတ်ရန်လူကြည့်အများဆုံး သတင်းများ
တအာင်းပြည်၊ နမ္မတူမြို့ရှိ မီးပွိုင့်လမ်းဆုံတွင် ယာဉ်အန္တရာယ်ကင်းရှင်းရေးနှင့် သွားလာရေး ပိုမိုချောမွေ့စေရေးအတွက် လမ်းအကျယ်နှင့် အရှည်တိုးချဲ့ပြုပြင်ခြင်းလုပ်ငန်းများကို မြို့နယ်စည်ပင်သာယာရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် ဆောင်ရွက်လျက်ရှိသည်။
တအာင်းပြည်၊ နမ္မတူနှင့် မန်တုံမြို့တို့တွင် တအာင်းပြည် မြို့နယ်ရဲတပ်ဖွဲ့က မူးယစ်ဆေးဝါးတိုက်ဖျက်ရေးလုပ်ငန်းများ ဆောင်ရွက်စဉ် WY ယာမဆေးပြား စုစုပေါင်း ၅၂၄ ပြားနှင့်အတူ အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးတို့ကို ဖမ်းဆီးရမိခဲ့သည်။
နမ့်ဆန်မြို့နယ် ကျောက်ဖြူကြီးကျေးရွာအုပ်စုရှိ ကျောက်ဖြူ၊ ကျောက်ခေါင်း၊ မြိုင်နှင့် တောင်သုံးဆယ်ကျေးရွာများမှ ဒေသခံပြည်သူများက ပြင်ပရောက် တအာင်းလူငယ်များနှင့် စေတနာရှင်များ၏ ပံ့ပိုးလှူဒါန်းမှုဖြင့် နမ့်ဆန်မြို့–တောင်သုံးဆယ် ဆက်သွယ်လမ်းရှိ ပျက်စီးနေသော လမ်းပိုင်းများကို ကိုယ်ထူကိုယ်ထစနစ်ဖြင့် ပြန်လည်ပြုပြင်ပြီးစီးခဲ့သည်။
တအာင်းပြည်ကျန်းမာရေးကောင်စီ (THC) မှ တအာင်းပညာရေးအကယ်ဒမီ (TEA) တွင် ပညာသင်ယူနေသည့် သင်တန်းသား၊ သင်တန်းသူများအတွက် ကျောင်းကျန်းမာရေးအသိပညာပေးခြင်းနှင့် ကျန်းမာရေးစစ်ဆေးခြင်းများ ပြုလုပ်ပေးခဲ့ပြီး ကျောင်းကျန်းမာရေးဆိုင်ရာ အခြေခံအသိပညာများရရှိကာ လက်တွေ့လုပ်ငန်းခွင်တွင် ပြန်လည်အသုံးချနိုင်စေရန် ရည်ရွယ်ဆောင်ရွက်ခဲ့သည်။
တအာင်းပြည် မန်တုံမြို့နယ် ပန်ခါးကြီးကျေးရွာတွင် ဝဥထွက်ရှာနေသည့် အသက် ၆၄ နှစ်အရွယ် အမျိုးသားတစ်ဦး ပျားကြီးများ အဆက်မပြတ်တုပ်ခံရမှုကြောင့် သေဆုံးခဲ့သည်။
တအာင်းပြည်၊ နမ့်ဆန်မြို့နယ် မန်လုံးအုပ်စုတွင် အမျိုးသမီးတစ်ဦးအပေါ် လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှု နှစ်ကြိမ်ကျူးလွန်ခဲ့သည့် အမျိုးသားတစ်ဦးကို တအာင်းပြည် မြို့နယ်ရဲတပ်ဖွဲ့က အောက်တိုဘာ ၁ ရက်တွင် ဖမ်းဆီးထိန်းသိမ်းခဲ့ပြီး ဥပဒေနှင့်အညီ ဆက်လက်အရေးယူမည်ဖြစ်သည်။
တအာင်းပြည်ပညာရေးကောင်စီ (TLEC) မှ ဦးဆောင်ဖွင့်လှစ်ထားသော တအာင်းပညာရေးအကယ်ဒမီ (TEA) တွင် PEDTEd-Us အပတ်စဉ် (၁) နှင့် DTED အပတ်စဉ် (၃) ကျောင်းသူ/သားများ၏ စာမေးပွဲများကို စက်တင်ဘာ ၂၄ ရက်မှ အောက်တိုဘာ ၃ ရက်အထိ ကျင်းပခဲ့ပြီး အရည်အချင်းပြည့်မီသော ဆရာ/ဆရာမများ မွေးထုတ်ပေးကာ TLEC ၏ စာသင်ကျောင်းများတွင် ထိရောက်စွာ သင်ကြားတာဝန်ထမ်းဆောင်နိုင်ရန် ရည်ရွယ်ထားသည်။
တအာင်းပြည်၊ နမ့်ဆန်မြို့တွင် TLEC မှ ကလေးများအတွက် ဘေးကင်းလုံခြုံပြီး အရည်အသွေးမီသော သင်ယူမှုပတ်ဝန်းကျင်များ ဖန်တီးနိုင်ရန် Child Safeguarding TOT သင်တန်းကို ပို့ချခဲ့ပြီး ကလေးဘေးကင်းလုံခြုံရေး၊ ကာကွယ်စောင့်ရှောက်ရေး၊ ကလေးဖွံ့ဖြိုးတိုးတက်မှု၊ ပါဝင်ဆောင်ရွက်မှုနှင့် အပြုသဘောဆောင်သော စည်းကမ်းထိန်းသိမ်းမှုတို့ကို လေ့လာဆွေးနွေးကာ TLEC ၏ ပညာရေးစနစ်အတွင်း ဘေးအန္တရာယ်လျှော့ချရေးနှင့် သတင်းပို့တိုင်ကြားမှုယန္တရားများ ပိုမိုခိုင်မာစေရေးအတွက် အကြံပြုချက်များ ဖလှယ်ခဲ့ကြသည်။
တအာင်းပြည်၊ နမ္မတူမြို့တွင် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးနှင့် အရေးပေါ်တုံ့ပြန်ကယ်ဆယ်ရေးလုပ်ငန်းများ ပိုမိုထိရောက်စေရန် ရည်ရွယ်၍ အပတ်စဉ် (၂) အရံမီးသတ်သင်တန်းကို အောက်တိုဘာလ (၃) ရက်နေ့တွင် ဖွင့်လှစ်ခဲ့ပြီး သင်တန်းသား (၄၇) ဦးအား (၂၅) ရက်ကြာ စာတွေ့၊ လက်တွေ့ သင်ကြားပေးသွားမည်ဖြစ်သည်။
အယ်လ်နီညိုသည် ပစိဖိတ်သမုဒ္ဒရာ အလယ်ပိုင်းနှင့် အရှေ့ပိုင်းရှိ ပင်လယ်ရေမျက်နှာပြင်အပူချိန် ပုံမှန်ထက် မြင့်တက်လာသည့် သဘာဝရာသီဥတုဖြစ်စဉ်တစ်ရပ်ဖြစ်သည်။ အဆိုပါဖြစ်စဉ်ကြောင့် ဒေသအလိုက် အပူလှိုင်းဖြတ်ခြင်း၊ မိုးခေါင်ခြင်း၊ မိုးရွာသွန်းမှုပုံစံ ပြောင်းလဲခြင်း၊ ရုတ်တရက်မိုးသည်းထန်ခြင်းနှင့် ရေကြီးခြင်းတို့ ဖြစ်ပေါ်နိုင်ပြီး ရေအရင်းအမြစ်များ၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများအပေါ် ထိခိုက်မှုများ ရှိလာနိုင်သည်။