နမ့်ခမ်းမြို့နယ်တွင် မြို့နယ်ရဲတပ်ဖွဲ့မှ မူးယစ်ဆေးဝါးရောင်းဝယ်သူ (၄) ဦးနှင့် သုံးစွဲသူ (၈) ဦး ဖမ်းဆီးရမိ
နမ့်ခမ်း၊ စက်တင်ဘာ ၂၇ ရက်
တအာင်းပြည်သတင်း
တအာင်းပြည်၊ နမ့်ခမ်းမြို့နယ်အတွင်း တအာင်းပြည် မြို့နယ်ရဲတပ်ဖွဲ့မှ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးလုပ်ငန်းများဆောင်ရွက်နေစဉ်အတွင်း မူးယစ်ဆေးဝါးရောင်းဝယ်သူ (၄) ဦးနှင့် သုံးစွဲသူ (၈) ဦးတို့ကို ဖမ်းဆီးရမိခဲ့သည်။

မြို့နယ်ရဲတပ်ဖွဲ့သည် ပြီးခဲ့သည့် စက်တင်ဘာလ (၁) ရက်နေ့တွင် မူးယစ်ဆေးဝါးရောင်းဝယ်သူ ဦးညီထွန်းချစ်ထံ ဘိန်းဖြူထည့်ထားသည့် ဆပ်ပြာခွက် (၃) ခွက်၊ ဆိုင်ကယ် (၁) စီးနှင့် ကျပ်ငွေ (၄၇၀၀၀၀) ကျပ်သော်လည်းကောင်း၊ စက်တင်ဘာလ (၃) ရက်နေ့လည်း မူးယစ်ဆေးဝါး ရောင်းဝယ်သူ ဒေါ်စန်းရီထံ ယာမဆေးပြား (၈၁) ပြားနှင့်အတူ မူးယစ်ဆေးဝါးသုံးစွဲသူ အမျိုးသား (၄) ဦး၊ အမျိုးသမီး (၁) ဦးတို့ကို ဖမ်းဆီးရမိခဲ့သည်။

ထို့ပြင် ပြီးခဲ့သည့် စက်တင်ဘာလ (၄) ရက်နေ့လည်း မူးယစ်ဆေးဝါးရောင်းဝယ်သူ ဦးလှအောင်နှင့် ဦးရန်ယုမိန်ထံ ယာမဆေးပြား (၆၁) ပြား၊ ဘိန်းဖြူ (၅.၅) ဂရမ်၊ ခါးခူထုပ်ကြီး (၁) ထုပ်၊ ထုပ်သေး (၁၉) ထုပ်၊ Happy Water (၅) ထုပ်၊ မူးယစ်ဆေးဝါးချိန်စက် (၁) ခု၊ ဆိုင်ကယ် (၁) စီး၊ ဖုန်း (၁) လုံး၊ ကျပ်ငွေ (၉၀၀၀၀) ကျပ်နှင့် မူးယစ်ဆေးဝါးသုံးစွဲသူ အမျိုးသား (၁) ဦး ဖမ်းဆီးရမိခဲ့သည်။ ယင်းနောက် စက်တင်ဘာလ (၆) ရက်နေ့လည်း မူးယစ်ဆေးဝါးသုံးစွဲသူ အမျိုးသား (၂) ဦးကို မြို့နယ်ရဲတပ်ဖွဲ့မှ ထပ်မံဖမ်းဆီးရမိခဲ့သည်။
အဆိုပါ ဖမ်းဆီးရမိထားသည့် မူးယစ်ဆေးဝါးရောင်းဝယ်သူများကို ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA ၏ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးဥပဒေနှင့်အညီ ဆက်လက်အရေးယူဆောင်ရွက်သွားမည်ဖြစ်ပြီး သုံးစွဲသူများကို မူးယစ်ဆေးဝါးတိုက်ဖျက်ရေးဥပဒေနှင့်အညီ အကျင့်စာရိတ္တပြန်လည်ပြုပြင်ရေးနှင့် အသိပညာပေးအစီအစဉ်များကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်သည်။
အလားတူ ပြီးခဲ့သည့် စက်တင်ဘာလ ပထမပတ်အတွင်း နမ့်ဆန်နှင့် မိုင်းငေါ့မြို့နယ်တွင် တအာင်းပြည် မြို့နယ်ရဲတပ်ဖွဲ့မှ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးလုပ်ငန်းများ ဆောက်ရွက်နေချိန်အတွင်း မူးယစ်ဆေးဝါးရောင်းဝယ်သူ (၁) ဦး၊ သုံးစွဲသူ (၂) ဦး ဖမ်းဆီးရမိခဲ့သည်။
Website Official
www.taangland.org
Telegram Official Channel
https://t.me/pslftnlanews
Telegram Link – Ta’ang TV
https://t.me/pslftnlaTaangTV
YouTube Official
https://www.youtube.com/@pslftnlanews
#PSLF/TNLA
#သတင်းနှင့်ပြန်ကြားရေးဌာန
မှတ်ချက်များ