ရေဲန်ဟောည်ႇ ပ္လေါည်ပ္လိုတ်ႎါင်ပနောစြေးဇံင် ကာည်း စြေးခမို လိူဝ်ႈ(9) မောကံပ်ဘယ်ရေဲန်ဇီုင်းကာန် လံပ်ဘြောင်ချှာင်ကူန်ရဝ်မာဂါင် ကတီးကရီး
အိုမ်ယ်ုရ်၊ ကျံရ်တောရ် ဆငည်း(16)
ဆဒါင်ကုင်တအာင်း
ကုင်တအာင်း၊ အိူင်အိုမ်ယ်ုရ်၊ ပလှံင်အိုမ်ယ်ုရ် တီုင်ဘြောင်ချှာင် ဆာ်ႈအွံရ်ရေဲန်ဟောည်ႇပ္လေါည်ႎါင်ပနော ဇီုင်းကာန်လူမ်စြေးဇံင် ကာည်း စြေးခမို မောကံပ်ဘယ်ရေဲန်ဇီုင်းကာန် လံပ်ဘြောင်ချှာင် ကတီးကရီး ခည်မိုႈ ကျံရ်တောရ် ဆငည်း(15)ဒိူန်အောႏ။

ပ္လေါည်ပ္လိုတ်ႎါင်ပနောနီန် ခူန်အွံရ် တားပ္လါင်ႎါႈ ဟိုက်ရောတ်က္လာင်းကြောႈတံမ်း၊ ႎါည်ဒီန် အီရံပ်ဇီုင်းကပ္လိူင်ႎါင်ပနော ခူန်နာန်း အုင်ကျော် ကဘ္လာင်းဒဲႈဟာဝ်း အီကဆီုဝ်ကဆဲင်တဇီုင်းကာန် ကာည်း ဘည်မိုႈဘည်ဘာည်း ဖီုက်လျှံင်ဒဲႈႎါင်ပနောနီန်။ ဆဲႈဒါႇဒီန် တာဘြောင်ချှာင်ဇံင်မင်္ဂလာ တာဆိုးပါည် က္လာင်းဟာဝ်းကြောႈတာင်ကေးစူးဒါင်း ကနာည်း အီဟိုက်ႎါင်ပနောပါ်ဒိုႇဒိုည်ႇ။
ႎါင်ပနောနီန် ဇူႈႎိူဝ်ႈဟာဝ်း ခည်မိုႈ ဆန်ုမ်2026၊ ကျံရ်ဖံန် ဆငည်း(17)ဒိူန် ႎါင်ပနောနီန် အီဟိုက်ဒေဲႈပနော ကောန်အီမာည်းဂေါည(22)အီး ကာည်း ကောန်အီပ်ုန်ဂေါည်(11)အီး ကစုကပိုမ်ဂေါည်(33)အီး။

ခေဲင်ႎါင်ပနောနီန် ပနောဒဲႈဟာဝ်း ဘည်ချှာင်ဇီုင်းကာန်လူမ် ကာည်း ဘည်ကိက်ပ္လါႇဘေဲႇ၊ ဇီုင်းကာန်ပံပ်နှဲဒေင်စြေး၊ ဆနီတ်ဒီမိုကရေဆီဘည်မိုႈတံင်ရျံရ်ႈလံပ်အရေးတီုင်ကုင်၊ ဆနီတ်ႎှဲတ်ဒရဲရ် ကာည်း ဘည်လိုနံပ်တံင်ရျံရ်ႈပိင်ငျာ အီကဆီုဝ်ကဆဲင်လံပ်ဘြောင်ချှာင်ကူန်ရဝ်မာဂါင်ဂဲ ကတီးကရီး။
ခေဲင်ပ္လေါည်ပ္လိုတ်ႎါင်ပနောနီန် ခူန်အွံရ် တားပ္လါင်ႎါႈ၊ တားဘြောင်ချှာင်လှံင် အိုမ်ယ်ုရ် ခူန်နာန်း နောင်ချှို ကာည်း အီရံပ်ဇီုင်းကပ္လိူင်ဂဲ ကာည်း အီဟိုက်ပနောစြေးဂဲ ကစုကပိုမ်ဂေါည်(60)အီး ဟိုက်ရောတ်ဒေဲႈ။

ပ်ုန်ကယေင်ႎိူဝ်ႈဟာဝ်း ႎါင်ပနောနီန်မိုႈ မောကံပ်ဘယ်ရေဲန်ဇီုင်းကာန် ဘည်ပ္လအူန်းမူဝါဒ ကာည်း ဇီုင်းကာန်နှာင်းချာ်န်းရောတ်စာ်မ်းဒီ၊ မောကံပ်ဘယ်ရေဲန်ကပါ်ႇကပံန် ဇီုင်းကာန်ယန္တရား လံပ်ဘြောင်ချှာင် ကာည်း ကဆီုဝ်အီထာမ်းဇီုင်းကပ္လိူင်လံပ်ဘြောင်ချှာင် ဘ္လံက်ချှံန်၊ အခွါင်းဘိူန်းရေဲန်ကဲ ကာည်း ဘည်လိုဆဖောနံပ် ဇီုင်းကပ္လိူင်ရေဲန်အယ် မောကံပ်ဘယ်ပဇာရ်ဟာဝ်း ဇီုင်းကာန်ရေဲန်အယ် နိုက်နိုက် ကနာည်ကူန်ရဝ်မာဂါင်ဂဲအောႏ။
#PSLF/TNLA
#တီုင်ပ္လေႈလေႈဆဒါင်
Comment Lists