636

၁၀၂၇ စစ်ဆင်ရေး အပိုင်း(၂) (၁၄၅)ရက်မြောက် နောင်ချိုမြို့တွင် တိုက်ပွဲပြင်းထန်ပြီး စစ်ကောင်စီတပ် တပ်ရင်းမှူးအပါအဝင်သေဆုံး၊ လက်နက်ခဲယမ်းများ သိမ်းဆည်းရမိခဲ့

၁၀၂၇ စစ်ဆင်ရေး / ၁၀၂၇
16 November 2024

၁၀၂၇ စစ်ဆင်ရေး အပိုင်း(၂) (၁၄၅)ရက်မြောက် နောင်ချိုမြို့တွင် တိုက်ပွဲပြင်းထန်ပြီး စစ်ကောင်စီတပ် တပ်ရင်းမှူးအပါအဝင်သေဆုံး၊ လက်နက်ခဲယမ်းများ သိမ်းဆည်းရမိခဲ့

တအာင်းပြည်၊ နိုင်ဝင်ဘာ (၁၆)ရက်

တအာင်းပြည်စစ်ရေးသတင်း

တအာင်းပြည် တပ်မဟာ(၂)နယ်မြေ နိုဝင်ဘာလ (၁၆)ရက်နေ့တွင် နောင်ချိုမြို့ရှိ တောင်ခမ်းအမြောက်တပ်စခန်း (၃၅၄) နှင့် (၉၀၂) တပ်စခန်းတွင် တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် TNLA နှင့် စစ်ကောင်စီတပ်တို့တိုက်ပွဲပြင်းထန်စွာဖြစ်ပွားခဲ့သည်။





တိုက်ပွဲအတွင်း စစ်ကောင်စီတပ် တပ်မ(၁၁) ခမရ (၂၁၃) တပ်ရင်းမှူး ဗိုလ်မှူး၊ ဗိုလ်ကြီး အဆင့်ရှိသူနှင့် တပ်သားများ သေဆုံးခဲ့ပြီး  စစ်ကောင်စီတပ်၏ လက်နက်ခဲယမ်းများ နှင့် စစ်အသုံးအဆောင်ပစ္စည်းများလည်း သိမ်းဆည်းရမိခဲ့သည်။ထို့အပြင် လက်နက်ခဲယမ်းနှင့်အတူ စစ်ကောင်စီတပ်ဖွဲ့ဝင်(၄)ဉီးလည်း အရှင်ဖမ်းဆီးနိုင်ခဲ့ပါသည်။







ရှမ်းပြည်နယ်တောင်ပိုင်း ရပ်စောက်-ကျောက်ဂူမှ နောင်ချိုမြို့နယ်အတွင်း စစ်အင်အားဖြည့်တင်းရန် ကြိုးပမ်းနေသည့် စစ်ကောင်စီတပ်မှ ထိုးစစ်ဆင်လာသောကြောင့် တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

နောင်ချိုမြို့ရှိ တောင်ခမ်းအမြောက်တပ်စခန်းထိန်းချုပ်နိုင်ရန် စစ်ကောင်စီတပ်သည် ရှမ်းပြည်နယ်တောင်ပိုင်း ရပ်စောက်-ကျောက်ဂူမှတစ်ဆင့် စစ်အင်အားဖြည့်တင်းနေပြီး လေကြောင်းမှတစ်ဆင့်လည်း စစ်လက်နက်ခဲယမ်းများ ဖြည့်တင်းနေပါသည်။





ထို့အပြင် စစ်ကောင်စီတပ်သည် တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့်နေရာတွင်လည်း လက်နက်ကြီးများ ပစ်ခတ်ခြင်း၊လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုများ လုပ်ဆောင်နေပါသည်။


#PSLF/TNLA 
#သတင်းနှင့်ပြန်ကြားရေးဌာန
# စစ်ရေးသတင်း

Topics: ၁၀၂၇ စစ်ဆင်ရေး အပိုင်း(၂) (၁၄၅)ရက်မြောက် နောင်ချိုမြို့တွင် တိုက်ပွဲပြင်းထန်ပြီး စစ်ကောင်စီတပ် တပ်ရင်းမှူးအပါအဝင်သေဆုံး၊ လက်နက်ခဲယမ်းများ သိမ်းဆည်းရမိခဲ့
Tags: တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် တအာင်းနိုင်ငံရေး တအာင်းပြည်

မှတ်ချက်များ
သင်၏ ထင်မြင်ချက်