633

၁၀၂၇ စစ်ဆင်ရေးအပိုင်း(၂) (၁၄၂)ရက်မြောက် နောင်ချိုမြို့နယ်တွင် တိုက်ပွဲဆက်လက်ပြင်းထန်လျက်ရှိ

၁၀၂၇ စစ်ဆင်ရေး / ၁၀၂၇
13 November 2024

၁၀၂၇ စစ်ဆင်ရေးအပိုင်း(၂) (၁၄၂)ရက်မြောက် နောင်ချိုမြို့နယ်တွင် တိုက်ပွဲဆက်လက်ပြင်းထန်လျက်ရှိ

တအာင်းပြည်၊ နိုဝင်ဘာ (၁၃)ရက်
တအာင်းပြည်စစ်ရေးသတင်း

တအာင်းပြည် တပ်မဟာ (၂) နယ်မြေ နောင်ချိုမြို့ တောင်ခမ်းရွာရှိ ဘုန်းကြီးကျောင်းနှင့် စစ်ကောင်စီ အမြောက်တပ် (၃၅၄)တပ်စခန်းနေရာတွင် တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA နှင့် စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲဖြစ်ပွားလျက်ရှိသည်။




ယနေ့ နံနက် (၉း၄၀)နာရီအချိန်တွင် နောင်ချိုမြို့ တောင်ခမ်းရွာရှိ ဘုန်းကြီးကျောင်းနေရာနှင့် နေ့လည်(၁၁း၀၀)အချိန်တွင် စစ်ကောင်စီ အမတ(၃၅၄)တပ်စခန်းနေရာ၌ တိုက်ပွဲဖြစ်ပွားခဲ့သည်။

တိုက်ပွဲဖြစ်ပွားလျက်ရှိသော နောင်ချိုမြို့ မကျီးရေရွာ စစ်ကောင်စီတပ်မှ ဂျက်ဖိုက်တာဖြင့် (၁)ကြိမ် ဗုံး(၁)လုံး လာရောက်ကြဲချတိုက်ခိုက်ခဲ့သည်။





ရှမ်းပြည်နယ်တောင်ပိုင်း ရပ်စောက်မြို့နယ် ကျောက်ဂူမှ နောင်ချိုမြို့နယ်အတွင်းသို့ စစ်အင်အားပြန်လည်ဖြည့်တင်းရန် ကြိုးပမ်းနေသည့် စစ်ကောင်စီတပ်မှ ထိုးစစ်ဆင်လာ၍ နှစ်ဖက်ထိတွေ့ တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

#PSLF/TNLA
#သတင်းနှင့်ပြန်ကြားရေးဌာန

Topics: ၁၀၂၇ စစ်ဆင်ရေးအပိုင်း(၂) (၁၄၂)ရက်မြောက် နောင်ချိုမြို့နယ်တွင် တိုက်ပွဲဆက်လက်ပြင်းထန်လျက်ရှိ
Tags: တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် တအာင်းနိုင်ငံရေး တအာင်းပြည်

မှတ်ချက်များ
သင်၏ ထင်မြင်ချက်