600

၁၀၂၇ စစ်ဆင်ရေးအပိုင်း(၂) (၁၂၀)ရက်မြောက် နောင်ချိုမြို့နယ်တွင် တိုက်ပွဲဆက်လက်ပြင်းထန်လျက်ရှိ

၁၀၂၇ စစ်ဆင်ရေး / ၁၀၂၇
22 October 2024

၁၀၂၇ စစ်ဆင်ရေးအပိုင်း(၂) (၁၂၀)ရက်မြောက် နောင်ချိုမြို့နယ်တွင် တိုက်ပွဲဆက်လက်ပြင်းထန်လျက်ရှိ


တအာင်းပြည်၊ အောက်တိုဘာလ (၂၂)ရက်

တအာင်းပြည်စစ်ရေးသတင်း


တအာင်းပြည် တပ်မဟာ (၂) နယ်မြေ နောင်ချိုမြို့ ဂန့်ကော်ကျေးရွာရှိ စာသင်ကျောင်းနေရာတွင် တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA နှင့် စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲဖြစ်ပွားလျက် ရှိသည်။


ယနေ့ နေလည် (၁၂း၃၀)နာရီအချိန်တွင် နောင်ချိုမြို့ ဂန့်ကော်ကျေးရွာရှိ စာသင်ကျောင်းနေရာ၌ တိုက်ပွဲဖြစ်ပွားခဲ့သည်။


တိုက်ပွဲဖြစ်ပွားလျက်ရှိသော နောင်ချိုမြို့ ဂန့်ကော်ကျေးရွာရှိ စာသင်ကျောင်းနှင့် ဘုန်းတော်ကြီးကျောင်းနေရာတွင် စစ်ကောင်စီတပ်မှ ဒရုန်းဖြင့် (၂)ကြိမ် ဗုံး(၁၈)လုံးလာရောက်ကြဲချ တိုက်ခိုက်ခဲ့သည်။


ရှမ်းပြည်နယ်တောင်ပိုင်း ရပ်စောက်မြို့နယ် ကျောက်ဂူမှ နောင်ချိုမြို့နယ်အတွင်းသို့ စစ်အင်အားပြန်လည်ဖြည့်တင်းရန် ကြိုးပမ်းနေသည့် စစ်ကောင်စီတပ်မှ ထိုးစစ်ဆင်လာ၍ နှစ်ဖက်ထိတွေ့ တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်သည်။


#PSLF/TNLA

#သတင်းနှင့်ပြန်ကြားရေးဌာန

Topics: ၁၀၂၇ စစ်ဆင်ရေးအပိုင်း(၂) (၁၂၀)ရက်မြောက် နောင်ချိုမြို့နယ်တွင် တိုက်ပွဲဆက်လက်ပြင်းထန်လျက်ရှိ
Tags: တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် တအာင်းနိုင်ငံရေး တအာင်းပြည် တအာင်းသတင်း

မှတ်ချက်များ
သင်၏ ထင်မြင်ချက်