585

၁၀၂၇ စစ်ဆင်ရေးအပိုင်း(၂) (၁၀၈)ရက်မြောက် သီပေါမြို့နှင့် နောင်ချိုမြို့နယ်တွင် တိုက်ပွဲဆက်လက်ပြင်းထန်လျက်ရှိ

၁၀၂၇ စစ်ဆင်ရေး / ၁၀၂၇
10 October 2024

၁၀၂၇ စစ်ဆင်ရေးအပိုင်း(၂) (၁၀၈)ရက်မြောက် သီပေါမြို့နှင့် နောင်ချိုမြို့နယ်တွင် တိုက်ပွဲဆက်လက်ပြင်းထန်လျက်ရှိ

တအာင်းပြည်၊ အောက်တိုဘာလ (၁၀)ရက်
တအာင်းပြည်စစ်ရေးသတင်း

တအာင်းပြည် တပ်မဟာ (၂) နယ်မြေ  သီပေါမြို့ စစ်ကောင်စီတပ် ခလရ(၂၃)တပ်စခန်းနေရာနှင့် နောင်ချိုမြို့ စစ်ကောင်စီ အမြောက်တပ်(၃၅၄)တပ်စခန်းနေရာတွင် တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA နှင့် စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲဖြစ်ပွားလျက်ရှိသည်။

ယနေ့ နံနက် (၉း၃၀)နာရီအချိန်တွင် သီပေါမြို့ စစ်ကောင်စီတပ် ခလရ(၂၃)တပ်စခန်းနေရာနှင့် နောင်ချိုမြို့ ညနေ (၅း၀၈)နာရီအချိန်တွင် စစ်ကောင်စီ အမတ (၃၅၄)တပ်စခန်းနေရာ၌ တိုက်ပွဲဖြစ်ပွားခဲ့သည်။

တိုက်ပွဲဖြစ်ပွားလျက်ရှိသည့် သီပေါမြို့ စစ်ကောင်စီတပ်မှ Jet Fighter ဖြင့် (၄)ကြိမ်နှင့် Y12 ဖြင့်(၁)ကြိမ် ဗုံး(၆)လုံး လာရောက်ကြဲချတိုက်ခိုက်ခဲ့ပြီး နောင်ချိုမြို့ ဘန့်ဘွေးရွာမှ ရေမောင်းတန်းရွာနှင့် ဂန့်ကော်ရွာသို့ စစ်ကောင်စီတပ်မှ ဟောင်၀ိဇာလက်နက်ကြီးဖြင့် (၁)ကြိမ် ဗုံး(၃)လုံး ပစ်ခတ်တိုက်ခိုက်ခဲ့သည်။ ထို့အပြင် သီပေါမြို့ စစ်ကောင်စီတပ် ခလရ(၂၃)တပ်စခန်းနေရာတွင် ထောက်ပို့ယာဉ် Y12 ဖြင့်(၁၁)ကြိမ် လက်နက်ခဲယမ်းများ လာရောက်ကြဲချခဲ့သည်။

ရှမ်းပြည်နယ်တောင်ပိုင်း ရပ်စောက်မြို့နယ် ကျောက်ဂူမှ နောင်ချိုမြို့နယ်အတွင်းသို့ စစ်အင်အားပြန်လည်ဖြည့်တင်းရန် ကြိုးပမ်းနေသည့် စစ်ကောင်စီတပ်မှ ထိုးစစ်ဆင်လာ၍ နှစ်ဖက်ထိတွေ့ တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

#PSLF/TNLA
#သတင်းနှင့်ပြန်ကြားရေးဌာန

Topics: ၁၀၂၇ စစ်ဆင်ရေးအပိုင်း(၂) (၁၀၈)ရက်မြောက် သီပေါမြို့နှင့် နောင်ချိုမြို့နယ်တွင် တိုက်ပွဲဆက်လက်ပြင်းထန်လျက်ရှိ
Tags: တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် တအာင်းနိုင်ငံရေး တအာင်းပြည် တအာင်းသတင်း

မှတ်ချက်များ
သင်၏ ထင်မြင်ချက်