578

၁၀၂၇ စစ်ဆင်ရေးအပိုင်း(၂) (၁၀၆)ရက်မြောက် သီပေါမြို့ တိုက်ပွဲဆက်လက်ပြင်းထန်လျက်ရှိ

၁၀၂၇ စစ်ဆင်ရေး / ၁၀၂၇
08 October 2024

၁၀၂၇ စစ်ဆင်ရေးအပိုင်း(၂) (၁၀၆)ရက်မြောက် သီပေါမြို့ တိုက်ပွဲဆက်လက်ပြင်းထန်လျက်ရှိ

တအာင်းပြည်၊ အောက်တိုဘာလ (၈)ရက်
တအာင်းပြည်စစ်ရေးသတင်း

တအာင်းပြည် တပ်မဟာ (၂) နယ်မြေ  သီပေါမြို့ စစ်ကောင်စီတပ် ခလရ(၂၃)တပ်စခန်းနေရာတွင် တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA နှင့် စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲဖြစ်ပွားလျက်ရှိသည်။

ယနေ့ နံနက် (၈း၀၀)နာရီအချိန်မှ (၈း၁၅)နာရီအချိန်ထိ သီပေါမြို့ စစ်ကောင်စီတပ် ခလရ(၂၃)တပ်စခန်းနေရာ၌ တိုက်ပွဲဖြစ်ပွားခဲ့သည်။

နောင်ချိုမြို့ စစ်ကောင်စီ အမြောက်တပ်(၃၅၄)တပ်စခန်းနှင့် တောင်ခမ်းကျေးရွာနေရာတွင် စစ်ကောင်စီတပ်မှ 112MM (၂)ကြိမ် ဗုံး(၁၃)လုံး ပစ်ခတ်တိုက်ခိုက်ခဲ့သည်။ ထို့အပြင် တိုက်ပွဲဖြစ်ပွားလျက်ရှိသော သီပေါမြို့ စစ်ကောင်စီတပ် ခလရ(၂၃)တပ်စခန်းနေရာတွင် ထောက်ပို့ယာဉ် Y12 ဖြင့်(၁)ကြိမ် လက်နက်ခဲယမ်းများ(၁၂)ထုပ်  လာရောက်ကြဲချခဲ့သည်။

ရှမ်းပြည်နယ်တောင်ပိုင်း ရပ်စောက်မြို့နယ် ကျောက်ဂူမှ နောင်ချိုမြို့နယ်အတွင်းသို့ စစ်အင်အားပြန်လည်ဖြည့်တင်းရန် ကြိုးပမ်းနေသည့် စစ်ကောင်စီတပ်မှ ထိုးစစ်ဆင်လာ၍ နှစ်ဖက်ထိတွေ့ တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

#PSLF/TNLA
#သတင်းနှင့်ပြန်ကြားရေးဌာန

Topics: ၁၀၂၇ စစ်ဆင်ရေးအပိုင်း(၂) (၁၀၆)ရက်မြောက် သီပေါမြို့ တိုက်ပွဲဆက်လက်ပြင်းထန်လျက်ရှိ
Tags: တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် တအာင်းနိုင်ငံရေး တအာင်းပြည် တအာင်းသတင်း

မှတ်ချက်များ
သင်၏ ထင်မြင်ချက်