၁၀၂၇ စစ်ဆင်ရေးအပိုင်း(၂) (၈၂)ရက်မြောက် နောင်ချိုမြို့နယ်တွင် တိုက်ပွဲဆက်လက်ပြင်းထန်လျက်ရှိ
တအာင်းပြည်၊ စက်တင်ဘာ(၁၄)ရက်
တအာင်းပြည်စစ်ရေးသတင်း
တအာင်းပြည် တပ်မဟာ (၂) နယ်မြေ နောင်ချိုမြို့နယ် စစ်ကောင်စီ အမတ (၂၀၆)တပ်စခန်း၊ တောင်ခမ်းရွာရှိ စစ်ကောင်စီတပ် (၉၀၂)တပ်စခန်းနှင့် မကျီးရေရွာတွင် တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA နှင့် စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲဖြစ်ပွားလျက်ရှိသည်။
ယနေ့ နံနက် (၁၀း၁၄) နာရီအချိန်တွင် စစ်ကောင်စီ အမြောက်တပ် (၂၀၆)တပ်စခန်း၌လည်းကောင်း၊ တောင်ခမ်းရွာရှိ စစ်ကောင်စီတပ် (၉၀၂)တပ်စခန်း မနက် (၁၀း၄၅)နာရီအချိန်၌လည်းကောင်း၊ နေ့လည် (၁၂း၁၀)နာရီအချိန်တွင် မကျီးရေရွာ၌ တိုက်ပွဲဖြစ်ပွားခဲ့သည်။
တိုက်ပွဲဖြစ်ပွားလျက်ရှိသော နောင်ချိုမြို့နယ် တောင်ခမ်းကျေးရွာ၊ တောင်ရွှေကျေးရွာနှင့် စစ်ကောင်စီတပ် အမတ (၃၅၄)တပ်စခန်း နေရာတွင် Y12ဖြင့် (၇)ကြိမ် ဗုံး (၆၀)လုံးနှင့် အေးရှားေ၀ါ နေရာတွင် Jet Fighter ဖြင့်(၂)ကြိမ် လာရောက်ကြဲချခဲ့ပြီး ဟောင်၀ိဇာ လက်နက်ကြီးဖြင့် (၂)ကြိမ် လာရောက်တိုက်ခိုက်ခဲ့သည်။ ထို့အပြင် သီပေါမြို့ စစ်ကောင်စီ ခမရ (၂၃)တပ်စခန်းနေရာတွင် ထောက်ပို့ယာဉ် Y8 ဖြင့် (၁)ကြိမ် လက်နက်ခဲယမ်းများ လာရောက်ကြဲချခဲ့သည်။
ရှမ်းပြည်နယ်တောင်ပိုင်း ရပ်စောက်မြို့နယ် ကျောက်ဂူမှ နောင်ချိုမြို့နယ်အတွင်းသို့ စစ်အင်အားပြန်လည်ဖြည့်တင်းရန် ကြိုးပမ်းနေသည့် စစ်ကောင်စီတပ်က ထိုးစစ်ဆင်လာ၍ နှစ်ဖက်တိုက်ပွဲ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
#PSLF/TNLA
#သတင်းနှင့်ပြန်ကြားရေးဌာန
မှတ်ချက်များ