၁၀၂၇ စစ်ဆင်ရေး
အပိုင်း(၂) (၄၁)ရက်မြောက် တအာင်းပြည် နောင်ချိုမြို့နယ်တွင် တိုက်ပွဲပြင်းထန်ပြီး၊
စစ်ကောင်စီတပ်မှ လေကြောင်းအပြင်းအထန်အသုံးပြုတိုက်ခိုက်
တအာင်းပြည်၊
သြဂုတ်လ ၄ ရက်
တအာင်းပြည်
စစ်ရေးသတင်း
တအာင်းပြည်
တပ်မဟာ(၂)နယ်မြေ နောင်ချိုမြို့နယ် ရွှေမုဠောရွာသို့ ယနေ့ ညနေ (၅း၂၅)နာရီအချိန်တွင်
စစ်အင်အား ဖြည့်တင်းလာသော စစ်ကောင်စီတပ်နှင့် တအာင်းတပ်မတော် TNLA တို့ ရင်ဆိုင်တိုက်ပွဲဖြစ်ပွားခဲ့သည်။
တပ်မဟာ (၂) နယ်မြေ ကျောက်မဲမြို့ရှိ စစ်ကောင်စီ လက်ကျန်တပ်စခန်း စကခ-၁၊ ခမရ (၅၀၁၊ ၅၀၂) စခန်းကုန်းအနီးတဝိုက်သို့ စစ်ကောင်စီတပ်မှ Jet Fighter ဖြင့် (၃)ကြိမ်၊ ပတ္တမြားစေတီအနီးတဝိုက်သို့ Jet Fighter ဖြင့် ဗုံး (၄)ကြိမ် လာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့သည်။
ယနေ့ သြဂုတ်လ
၄ ရက်တွင် စစ်ကောင်စီတပ်မှ ကျောက်မဲမြို့နယ် ခမရ (၅၀၁၊ ၅၀၂) တပ်စခန်းအတွင်းသို့
Y12 ဖြင့် လက်နက်ခဲယမ်းများ (၁၃)ထုတ် လာရောက်ကြဲချပေးခဲ့သည်။
#PSLF/TNLA
#သတင်းနှင့်ပြန်ကြားရေးဌာန
မှတ်ချက်များ