၁၀၂၇ စစ်ဆင်ရေး
အပိုင်း(၂) (၄၀)ရက်မြောက် တအာင်းပြည် ကျောက်မဲမြို့နယ်တွင် တိုက်ပွဲပြင်းထန်၊ စစ်ကောင်စီတပ်မှ
လေကြောင်းအပြင်းအထန်အသုံးပြုတိုက်ခိုက်
တအာင်းပြည်၊
သြဂုတ်လ ၃ ရက်
တအာင်းပြည်
စစ်ရေးသတင်း
တအာင်းပြည်
တပ်မဟာ (၂) နယ်မြေ ကျောက်မဲမြို့ရှိ စစ်ကောင်စီ လက်ကျန်တပ်စခန်း စကခ-၁၊ ခမရ (၅၀၁၊ ၅၀၂)
စခန်းကုန်းအား ယနေ့ နံနက် (၉း၀၀)နာရီအချိန်တွင် တအာင်းတပ်မတော် TNLA မှ တိုက်ခိုက်ခဲ့သည်။
တိုက်ပွဲဖြစ်ပွားသော စခန်းကုန်းအနီးတဝိုက်နှင့် ပတ္တမြားစေတီအနီးတဝိုက်သို့ စစ်ကောင်စီတပ်မှ
Jet Fighter ဖြင့် (၉)ကြိမ် လာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့သည်။ ထို့ပြင် Y12 ဖြင့် ဂေါက်ကွင်းအနီးတဝိုက်နှင့်
ခမရ - ၅၀၁ စခန်းအနီးသို့ ဗုံး (၂၂)လုံး လာရောက်ကြဲချခဲ့သည်။
ယနေ့ သြဂုတ်လ
၃ ရက်တွင် စစ်ကောင်စီတပ်မှ ကျောက်မဲမြို့နယ် ခမရ (၅၀၁၊ ၅၀၂) တပ်စခန်းအတွင်းသို့
Y12 ဖြင့် လက်နက်ခဲယမ်းများ (၉)ကြိမ်လာရောက် ကြဲချပေးခဲ့သည်။
#PSLF/TNLA
#သတင်းနှင့်ပြန်ကြားရေးဌာန
မှတ်ချက်များ