(၇၈) နှစ်မြောက် အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးနေ့ကို ဂုဏ်ပြုသည့်အနေဖြင့် မာရသွန်းအပြေးပြိုင်ပွဲ ကျင်းပပြုလုပ်သွားမည်ကြောင်း အသိပေးအပ်

တအာင်းပြည်၊ နမ့်ခမ်းမြို့တွင် ကျင်းပမည့် (၇၈) ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့ အထိမ်းအမှတ် (၁၀) မိုင်ကျော် မာရသွန်အပြေးပြိုင်ပွဲနှင့် အသိပညာပေးအစီအစဉ်ကို ဒီဇင်ဘာလ (၁၀) ရက်နေ့တွင် လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူများကွန်ရက်က ဦးဆောင်ကျင်းပမည်ဖြစ်သည်။ လူ့အခွင့်အရေးအသိပညာ တိုးပွားစေရန်၊ တိုင်းရင်းသားညီအစ်ကိုမောင်နှမများအကြား စည်းလုံးညီညွတ်မှု ခိုင်မာစေရန်နှင့် လူ့အခွင့်အရေးချိုးဖောက်မှုများ လျော့နည်းပပျောက်စေရန် ရည်ရွယ်ကျင်းပခြင်းဖြစ်ပြီး အသက် (၁၆) နှစ်နှင့်အထက် လူမျိုးဘာသာမရွေး ပါဝင်ယှဉ်ပြိုင်နိုင်ရန် ဒီဇင်ဘာလ (၄) ရက်နေ့ နောက်ဆုံးထား၍ ကြိုတင်စာရင်းပေးသွင်းနိုင်သည်။

ယခုဖတ်ရန်
ဒေသတွင်းသတင်း

တအာင်းပြည် တပ်မဟာ (၂) နယ်မြေ နောင်ချိုမြို့နယ် ရေဖြူရွာတွင် တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA နှင့် စစ်ကောင်စီတပ်တို့ အကြားတိုက်ပွဲ ဆက်လက်ဖြစ်ပွားလျက်ရှိသည်။

ဒေသတွင်းသတင်း

ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA အုပ်ချုပ်သည့် ကွတ်ခိုင်မြို့အား စစ်ကောင်စီတပ်က လေကြောင်းအသုံးပြုပြီး ထပ်မံလာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့သည်။

ဒေသတွင်းသတင်း

ကွတ်ခိုင်မြို့မှာ စစ်ကောင်စီက လေကြောင်းနှင့် ဗုံးကြဲမှုကြောင့် ဒေသခံသေဆုံးမှု (၆)ဦးအထိရှိလာပြီး (၁၀)ဦးဒဏ်ရာရကာ ဆိုင်ခန်းပေါင်း(၄၀၁)ခန်းမီးလောင်ပျက်စီး

ဒေသတွင်းသတင်း

မိုးမိတ်မြို့အား ဇူလိုင်လ (၃၁)ရက်နေ့တွင် ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/ TNLA က အပြီးသတ်တိုက်ခိုက်သိမ်းပိုက်ကာ အုပ်ချုပ်ရေးလုပ်ငန်းများ စတင်ပြီးတစ်ပတ်အကြာ ပုံမှန်ပြန်လည် လည်ပတ်နေသည့် မိုးမိတ်မြို့ဒေသခံများ၏ လှုပ်ရှားမှုမြင်ကွင်းဖြစ်ပါသည်။

ဒေသတွင်းသတင်း

တအာင်းပြည် တပ်မဟာ(၅)နယ်မြေ၊ ကွတ်ခိုင်မြို့တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီမှ လေကြောင်းနှင့် လာရောက်ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဒေသခံ(၅)ဦးသေဆုံးပြီး (၄)ဦးဒဏ်ရာရရှိကာ မြို့မစျေးရှိ ဆိုင်ခန်းများအပါအဝင် နေအိမ်(၅)လုံးထက်မနည်း မီးလောင်ပျက်စီးသွားခဲ့သည်။

လူကြည့်အများဆုံး သတင်းများ

29 November 2026