တအာင်းပြည်၊ နမ္မတူမြို့ရှိ မီးပွိုင့်လမ်းဆုံတွင် ယာဉ်အန္တရာယ်ကင်းရှင်းရေးနှင့် သွားလာရေး ပိုမိုချောမွေ့စေရေးအတွက် လမ်းအကျယ်နှင့် အရှည်တိုးချဲ့ပြုပြင်ခြင်းလုပ်ငန်းများကို မြို့နယ်စည်ပင်သာယာရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် ဆောင်ရွက်လျက်ရှိသည်။
ယခုဖတ်ရန်ဤလမ်းတွင် နမ္မတူ - မိုင်းဘော် - မိုင်းဝီး - နမ့်ခမ်းအထိ ဆက်သွယ်ထားပြီး ဒေသတွင်း ကျေးရွာပြည်သူလူထုများအတွက် အရေးပါသည့် ကုန်သွယ်ရေးလမ်းကြောင်းဖြစ်သည်။ ထို့အပြင် ၁၀၂၇ စစ်ဆင်ရေးပြီးနောက် စစ်ကောင်စီ၏ တင်းကြပ်စွာ စစ်ဆေးနှောက်ယှက်မှုကြောင့် ပြည်ထောင်စုလမ်းမကြီးအား အသုံးမပြုတော့ဘဲ ကွတ်ခိုင်၊ မူဆယ်၊ နမ့်ခမ်းသို့ သွားလိုသည့် ခရီးသည်များနှင့် ကုန်တင်ယာဉ်များ ဤလမ်းတွင် အသုံးပြုလာသည်။
တအာင်းပြည်၊ တပ်မဟာ(၁) စစ်ဒေသ နမ့်ခမ်းမြို့ရှိ ပုဂ္ဂလိက ဆေးရုံဆေးခန်းများ ဆေးဆိုင်များတွင် သက်တမ်းကုန်ဆေးဝါးများ ရောင်းဝယ်သုံးစွဲခြင်း ခွင့်ပြုချက်မရှိသည့် ဆေးဝါးများ ရောင်းဝယ်မှုရှိမရှိ PSLF/TNLA အုပ်ချုပ်ရေးဌာန လက်အောက်ဖြစ်သည့် တရားဥပဒေစိုးမိုးရေးတပ်ဖွဲ့၊ စည်ပင်သာယာရေးအဖွဲ့နှင့် ဆေးဝါးကျွမ်းကျင် CDM ဝန်ထမ်းတို့ပူးပေါင်းပြီး စစ်ဆေးမှုပြုလုပ်လျှက်ရှိပါသည်။
လူကြည့်အများဆုံး သတင်းများ