တအာင်းပြည်၊ တပ်မဟာ(၂)နယ်မြေ သီပေါမြို့နယ်တွင် စစ်ကောင်စီတပ်သည် ဂျက်ဖိုက်တာ(၂)စီးဖြင့် ပြည်သူများကို ပစ်မှတ်ထားကာ ဗုံး(၆)လုံး လာရောက်ကြဲချတိုက်ခိုက်ခဲ့ပြီး ပြည်သူ(၄)ဦး ပွဲချင်းပြီးသေဆုံးခဲ့ရပြီး (၃)ဦး ထိခိုက်ဒဏ်ရာအပြင်းအထန်ရခဲ့သည်။
ယခုဖတ်ရန်
ရှမ်းမြောက်ဒေသမှ စတင်ခဲ့သည့် ညီနောင်မဟာမိတ် (၃) ဖွဲ့၏ ၁၀၂၇ စစ်ဆင်ရေးကြီးသည် သုံးလပြည့်ခါနီးပြီဖြစ်သကဲ့သို့ လက်ရှိမှာ အခြေအနေအရ အရွေ့ပုံစံဖြင့် ဆက်လက်ချီတက်နေဆဲဖြစ်သည်။ စစ်ကောင်စီကင်းစင်သွားပြီဖြစ်သည့် ကိုးကန့်ဒေသတွင် မိမိတို့ အုပ်ချုပ်စီမံရေးယန္တရားဖြင့် လည်ပတ်သက်ဝင်စေရန်အတွက် စတင်ဆောင်ရွက်လျက်ရှိနေသည်။
မိမိတို့ ညီနောင်မဟာမိတ် (၃) ဖွဲ့၏ စစ်ရေးရည်မှန်းချက်များကို တစ်ဆင့်ချင်း အကောင်အထည်ဖော်ဆောင်ရွက်လာခဲ့ သော ၁၀၂၇ စစ်ဆင်ရေးသည် စတင်သည့်အချိန်မှ ယနေ့အထိ တစ်ရက်မျှ ရပ်နားခြင်းမရှိဘဲ ဆက်လက်ရွေ့လျားလျက် ရှိသည်။ စစ်ရေးရည်မှန်းချက်ပြည့်မှသာ နိုင်ငံရေးရည်မှန်းချက်များကို အထောက်အကူပြုစေနိုင်မည်ဖြစ်သည်ကိုလည်း ၁၀၂၇ စစ်ဆင်ရေးက ကောင်းစွာသင်ခန်းစာပေးခဲ့ပြီဖြစ်သည်။
၁၀၂၇ စစ်ဆင်ရေးတစ်လျှောက်တွင် အသာတကြည် လက်နက်ချအညံ့ခံလာသူ “ရန်သူ့တပ်ဖွဲ့ဝင်များ” အား ၎င်းတို့၏ စိတ်ဆန္ဒအတိုင်း အကောင်းဆုံးဖြည့်ဆည်းဆောင်ရွက်ပေးလာခဲ့သည်မှာလည်း အစောပိုင်းကာလများမှ လက်နက်ချ အညံ့ခံခဲ့၍ အသက်ချမ်းသာရာရရှိသွားကြသောသူများ အားလုံးအသိပင်ဖြစ်သည်။ လက်ရှိအချိန်တွင် ဤကဲ့သို့သော လက်နက်ချအညံ့ခံသောသူများအရေအတွက်မှာ (၃၀၀၀) မှ (၄၀၀၀) နီးပါးအထိရှိလာခဲ့ပြီဖြစ်သည်။
မိမိတို့ စစ်ဆင်ရေးကာလ၏ (၇၁) ရက်မြောက်နေ့သည် ၁၀၂၇ စစ်ဆင်ရေးကာလအတွင်း အထွတ်အထိပ်နေ့နှင့် စိတ်အလှုပ်ရှားဆုံးနေ့တစ်ရက်ဖြစ်ခဲ့သည်။ မြန်မာပြည်သူပြည်သားများအတွက် မိမိတို့ ညီနောင်မဟာမိတ် (၃) ဖွဲ့၏ အကောင်းဆုံးသော နှစ်သစ်လက်ဆောင်မွန်ကောင်းဖြစ်လိမ့်မည်ဟု အပြည့်အဝယုံကြည်ပါသည်။ ဆက်လက်၍ ယခုထက် ကောင်းမွန်လှပပြည့်စုံပြီး အနှစ်သာရအရှိဆုံးသော လက်ဆောင်မွန်ကောင်းများကို ထပ်မံပေးအပ်နိုင်ရန်အတွက် မိမိတို့အနေဖြင့် အကောင်းဆုံးကြိုးစားနေပါကြောင်းကိုလည်း လေးစားစွာဖြင့် ထပ်မံအသိပေးအပ်ပါသည်။
၁၀၂၇ စစ်ဆင်ရေးဖော်ဆောင်သည့် ရက်ပေါင်း (၇၁) ရက်တာကာလအတွင်း စစ်ကောင်စီ၏ရာချီသော စခန်းများနှင့် မြို့ကြီးအချို့တို့ကို မိမိတို့ညီနောင်မဟာမိတ် (၃) ဖွဲ့မှ သိမ်းပိုက်ရယူထားပြီးဖြစ်သည်။ တစ်ပြိုင်နက်တည်းတွင် စစ်ကောင်စီ၏ စစ်ရှုံးကာ စွန့်လွှတ်လိုက်ရသောစခန်းများထဲမှ တပ်ဖွဲ့ဝင်အချို့သည် ၎င်းတို့၏မိခင်အဖွဲ့အစည်းထံ မရောက်ဘဲ ပုံစံအမျိုးမျိုးဖြင့် နေရာအမျိုးမျိုးတွင် ထွက်ပြေးလွတ်မြောက်နေကြဆဲဖြစ်သည်။
လူကြည့်အများဆုံး သတင်းများ