တအာင်းပြည်၊ တပ်မဟာ(၂)နယ်မြေ သီပေါမြို့နယ်တွင် စစ်ကောင်စီတပ်သည် ဂျက်ဖိုက်တာ(၂)စီးဖြင့် ပြည်သူများကို ပစ်မှတ်ထားကာ ဗုံး(၆)လုံး လာရောက်ကြဲချတိုက်ခိုက်ခဲ့ပြီး ပြည်သူ(၄)ဦး ပွဲချင်းပြီးသေဆုံးခဲ့ရပြီး (၃)ဦး ထိခိုက်ဒဏ်ရာအပြင်းအထန်ရခဲ့သည်။
ယခုဖတ်ရန်ယနေ့ ဇွန်လ ၂၅ ရက်နေ့တွင် နောင်ချိုမြို့နယ်၊ ကျောက်မဲမြို့နယ်နှင့် မိုးကုတ်မြို့နယ်တို့တွင် စစ်ကောင်စီတပ်နှင့် တအာင်းတပ်မတော် (PSLF/TNLA) တပ်ဖွဲ့တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့သည်။ စစ်ကောင်စီတပ်မှ လက်နက်ကြီးနှင့် လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား(၅)ဉီးထိခိုက်ခဲ့ပြီး (၂)ဉီးသေဆုံးကာ (၃)ဉီးထိခိုက်ဒဏ်ရာရှိခဲ့ပါသည်။ ထိုပြင် စစ်ကောင်စီတပ်မှ ထောက်ပို့ယာဉ် Mi17 ဖြင့် (၃)ကြိမ် စစ်မြေပြင်သို့ လက်နက်ခဲယမ်းများ လာရောက်ဖြည့်တင်းခဲ့သည်။
လူကြည့်အများဆုံး သတင်းများ