တအာင်းပြည် တပ်မဟာ (၂) နယ်မြေ သီပေါမြို့ စစ်ကောင်စီတပ် ခလရ(၂၃)တပ်စခန်းနေရာတွင် တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA နှင့် စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲဖြစ်ပွားလျက်ရှိသည်။
ယခုဖတ်ရန်
တရုတ်ရိုးရာနှစ်သစ်ကူးညကို မင်္ဂလာရှိစွာ ဖြတ်သန်းနိုင်ကြပါစေကြောင်း မိမိတို့ညီနောင်မဟာမိတ် (၃) ဖွဲ့မှ ဦးစွာ ဆုတောင်းမေတ္တာပို့သအပ်ပါသည်။ ကမ္ဘာအရပ်ရပ်ရှိ တရုတ်လူမျိုးများ၏ အလေးအမြတ်ထားရာ တရုတ်နှစ်သစ်ကူးကာလတွင် မိသားစုများစုံစုံညီညီနှင့် Family Reunion ညနေခင်းကို အတူဖြတ်သန်းနိုင်ရန် မျှော်လင့်ပါသည်။ မိမိတို့ ညီနောင်မဟာမိတ် (၃) ဖွဲ့အနေဖြင့်လည်း တရုတ်-မြန်မာနယ်စပ်တစ်လျှောက်တွင် တရုတ်နှစ်သစ်ကူးကာလကို စိတ်လုံခြုံစွာဖြင့် ကျော်ဖြတ်နိုင်ရေးအတွက် မိမိတို့မှ သေနတ်သံများမထွက်အောင် အထူးဂရုပြုလျက်ရှိပါသည်။
ကိုးကန့်နှင့် တအာင်းဒေသများ၌ စစ်ကျန်စွန့်လွှတ်မိုင်း၊ လက်နက်ကြီးအကြွင်းအကျန်များအားရှင်းလင်းရေး၊ နယ်စပ် တည်ငြိမ်ရေး၊ တရားဥပဒေစိုးမိုးရေးနှင့် ပျက်စီးသွားသည့် လမ်းတံတားများ ပြန်လည်ပြုပြင်တည်ဆောက်ရေးစသည့် ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများအား မိမိတို့တွင်ရှိသော လူအင်အား၊ စွမ်းအင်အရင်းအမြစ်များနှင့် အကောင်းဆုံး ကြိုးပမ်းဆောင်ရွက်လျက်ရှိပါသည်။
လူကြည့်အများဆုံး သတင်းများ