နောင်ချိုမြို့ရှိ စစ်ကောင်စီ ဒုံးတပ်ရင်း ၆၀၆ တပ်စခန်းတွင် စစ်ကောင်စီတပ်မှ အဆိပ်ငွေ့ဗုံး (၃)လုံး အသုံးပြုတိုက်ခိုက်ခဲ့

နောင်ချိုရှိ ဒုံးတပ်ရင်း (၆၀၆) တပ်စခန်းအား တိုက်ခိုက်ရာတွင် စစ်ကောင်စီတပ်မှ လွန်ခဲ့သည့် ဇွန်လ ( ၁)ရက်နေ့တွင် အဆိပ်ငွေ့ဗုံး (၁)လုံး နှင့် ဇွန်လ (၄) ရက်နေ့တွင် အဆိပ်ငွေ့ဗုံး (၃)လုံး စုစုပေါင်း (၄)လုံးဖြင့် အသုံးပြုတိုက်ခိုက်ခဲ့သည်။

ယခုဖတ်ရန်
သတင်း

နောင်ချိုရှိ ဒုံးတပ်ရင်း (၆၀၆) တပ်စခန်းအား တိုက်ခိုက်ရာတွင် စစ်ကောင်စီတပ်မှ လွန်ခဲ့သည့် ဇွန်လ ( ၁)ရက်နေ့တွင် အဆိပ်ငွေ့ဗုံး (၁)လုံး နှင့် ဇွန်လ (၄) ရက်နေ့တွင် အဆိပ်ငွေ့ဗုံး (၃)လုံး စုစုပေါင်း (၄)လုံးဖြင့် အသုံးပြုတိုက်ခိုက်ခဲ့သည်။

သတင်း

တပ်မဟာ (၆) စစ်ဒေသ မိုင်းရယ်မြို့နယ် နမ့်တုံနှင့် ကုံးမုံရွာဒေသဘက်သို့ ညနေ (၃း၃၀)နာရီအချိန်တွင် စစ်ကောင်စီမှ လက်နက်ကြီး (၆)လုံး ပစ်ခတ်ခဲ့သည်။ အလားတူ တပ်မဟာ (၆) စစ်ဒေသ တန့်ယန်းမြို့နယ် လွယ်လိန်းတောင်ဘက်သို့ စစ်ကောင်စီတပ်မှ လက်နက်ကြီး (၃) လုံး ပစ်ခတ်ခဲ့သည်။

သတင်း

တအာင်းပြည် တပ်မဟာ (၂) စစ်ဒေသ နောင်ချိုမြို့ ရှိ ဒုံးတပ်ရင်း (၆၀၆) တပ်စခန်းတွင် နံနက် (၁၀)နာရီမှ ညနေ (၄း၂၀)နာရီအထိ တိုက်ပွဲဖြစ်ပွားလျက်ရှိသည်။ စစ်ကောင်စီတပ်သည် ဘန့်ဘွေးရွာမှ တိုက်ပွဲဖြစ်ပွားသည့် ဒုံးတပ်ရင်း (၆၀၆) တပ်စခန်းအား လက်နက်ကြီး (၁၆)လုံး ပစ်ကူခဲ့သည်။

သတင်း

တအာင်းပြည် တပ်မဟာ (၂) စစ်ဒေသ မိုးကုတ်မြို့နယ် တအာင်းတပ်မတော် TNLA၊ PDF (မိုးကုတ်ဗျူဟာ)၊ PDF(513)တို့ ပူးပေါင်းတိုက်ခိုက်ရာတွင် တစ်ပတ်အတွင်း စစ်ကောင်စီထံမှ လက်နက် (၄၃)လက်သိမ်းရမိပြီး ရဲ(၂)ဦးအပါအဝင် စစ်သုံ့ပန်း (၁၅)ဦး ဖမ်းဆီးရမိထားသည်။

သတင်း

တအာင်းပြည် တပ်မဟာ (၂) စစ်ဒေသ မိုးကုတ်မြို့ စစ်ကောင်စီ၏ ရွှေမျက်ဝန်းတပ်စခန်းအား တအာင်းတပ်မတော် TNLA မှ နံနက် (၅)နာရီအချိန်၌ စတင်တိုက်ခိုက်ပြီး ညနေ (၄)နာရီအချိန်တွင် သိမ်းပိုက်နိုင်ခဲ့သည်။ ထို့အပြင် ရွှေလိပ်ပြာစခန်းတွင်လည်း စစ်ကောင်စီဘက်မှ ထိုးစစ်ဆင်လာခြင်းကြောင့် တိုက်ပွဲဖြစ်ပွားခဲ့သည်။

သတင်း

တအာင်းပြည် တပ်မဟာ (၂) စစ်ဒေသ နောင်ချိုမြို့ ခမရ(၁၁၄)တပ်စခန်းနှင့် မိုးကုတ်မြို့ အောင်သာယာတပ်စခန်းတို့အား သိမ်းပိုက်ရာတွင် စစ်ကောင်စီလက်နက်များ သိမ်းပိုက်ရရှိခဲ့သည်။