340

၁၀၂၇ စစ်ဆင်ရေး အပိုင်း(၂) (၁၀)ရက်မြောက် မိုးမိတ်မြို့ ရွှေသာယာတပ်စခန်းအား သိမ်းပိုက်နိုင်ပြီး အခြားမြို့နယ်တွင်လည်း တိုက်ပွဲပြင်းထန်လျက်ရှိ

သတင်း
04 July 2024

၁၀၂၇ စစ်ဆင်ရေး အပိုင်း(၂) (၁၀)ရက်မြောက် မိုးမိတ်မြို့ ရွှေသာယာတပ်စခန်းအား သိမ်းပိုက်နိုင်ပြီး အခြားမြို့နယ်တွင်လည်း တိုက်ပွဲပြင်းထန်လျက်ရှိ


တအာင်းပြည်၊ ဇူလိုင်(၄)ရက်


တအာင်းပြည် တပ်မဟာ (၃) စစ်ဒေသ မိုးမိတ်မြို့နယ် ရွှေသာယာတပ်စခန်းအား ဇူလိုင်(၃)ရက်နေ့ တအာင်းတပ်မတော် TNLAနှင့် PDF(မိုးကုတ်ဗျူဟာ) ပူးပေါင်းတပ်ဖွဲ့မှ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့သည်။






တပ်မဟာ (၂) စစ်ဒေသ နောင်ချိုမြို့တွင် တအာင်းတပ်တော် TNLA၊ DPLA၊ MDY-PDF ပူးပေါင်းတပ်ဖွဲ့နှင့် စစ်ကောင်စီတို့အကြား ဒုံးတပ် (၆၀၆) တပ်စခန်းတွင် တိုက်ပွဲပြင်းထန်စွာဖြစ်ပွား လျက်ရှိသည်။ 


စစ်ကောင်စီတပ်သည် ဘန်ဘွေရွာမှ တိုက်ပွဲဖြစ်ပွားလျက်ရှိသော ဒုံးတပ် (၆၀၆)စခန်းသို့ နံနက် (၉း၄၇)မှ နေ့လည် (၁၂း၃၆)နာရီအချိန်ထိ ဟောင်ဝိဇာ လက်နက်ကြီး (၁၂)လုံး ပစ်ခတ်ပြီး တအာင်းပြည်အတွင်း စစ်ဖြစ်ပွားရာဒေသများအား စစ်ကောင်စီမှ လေကြောင်းတိုက်ခိုက်မှု (၁၅) ကြိမ် ပြုလုပ်ခဲ့သည်။ 





တပ်မဟာ (၂) စစ်ဒေသ မိုးကုတ်မြို့ ရှမ်းကျောင်းဒေသ၌လည်း ညနေ (၃း၄၀)နာရီအချိန်တွင် တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားလျက်ရှိနေသည်။ 


ထို့အပြင် တပ်မဟာ(၂) စစ်ဒေသ သီပေါမြို့နယ် ဒုဌဝတီတံတားအနီးရှိ စစ်ကောင်စီတပ်စခန်းအား တအာင်းတပ်မတော် TNLA မှ ညနေ (၆း၃၀)နာရီအချိန်တွင် တိုက်ခိုက်ခဲ့သည်။



တပ်မဟာ (၆) စစ်ဒေသ မိုင်းရယ်မြို့နယ် နမ့်တုံနှင့် ကုံးမုံရွာဒေသဘက်သို့ ညနေ (၃း၃၀)နာရီအချိန်တွင် စစ်ကောင်စီမှ လက်နက်ကြီး (၆)လုံး ပစ်ခတ်ခဲ့သည်။ အလားတူ တပ်မဟာ (၆) စစ်ဒေသ တန့်ယန်းမြို့နယ် လွယ်လိန်းတောင်ဘက်သို့ စစ်ကောင်စီတပ်မှ လက်နက်ကြီး (၃) လုံး ပစ်ခတ်ခဲ့သည်။


#PSLF/TNLA

#သတင်းနှင့်ပြန်ကြားရေး

Topics: ၁၀၂၇ စစ်ဆင်ရေး အပိုင်း(၂) (၁၀)ရက်မြောက် မိုးမိတ်မြို့ ရွှေသာယာတပ်စခန်းအား သိမ်းပိုက်နိုင်ပြီး အခြားမြို့နယ်တွင်လည်း တိုက်ပွဲပြင်းထန်လျက်ရှိ
Tags: တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် တအာင်းနိုင်ငံရေး တအာင်းပြည် ညီနောင်မဟာမိတ်သုံးဖွဲ့ တအာင်းပြည်အစိုးရ

မှတ်ချက်များ
သင်၏ ထင်မြင်ချက်