341

နောင်ချိုမြို့ရှိ စစ်ကောင်စီ ဒုံးတပ်ရင်း ၆၀၆ တပ်စခန်းတွင် စစ်ကောင်စီတပ်မှ အဆိပ်ငွေ့ဗုံး (၃)လုံး အသုံးပြုတိုက်ခိုက်ခဲ့

သတင်း / နိုင်ငံရေး
04 July 2024

နောင်ချိုမြို့ရှိ စစ်ကောင်စီ ဒုံးတပ်ရင်း ၆၀၆ တပ်စခန်းတွင် စစ်ကောင်စီတပ်မှ အဆိပ်ငွေ့ဗုံး (၃)လုံး အသုံးပြုတိုက်ခိုက်ခဲ့


နောင်ချို၊ ဇွန်လ ၄ ရက်

တအာင်းပြည်တိုက်ပွဲသတင်း 


တအာင်းပြည် တပ်မဟာ(၂)စစ်ဒေသ၊ နောင်ချိုမြို့နယ် စစ်ကောင်စီ ဒုံးတပ်ရင်း (၆၀၆) တပ်စခန်းအား တအာင်းတပ်မတော် TNLA မှ တိုက်ခိုက်ရာတွင် စစ်ကောင်စီတပ်မှ ဇွန်လ ၄ရက် မွန်လွဲပိုင်း (၂း၀၀) နာရီအချိန်တွင် အဆိပ်ငွေ့ဗုံး (၃)လုံး အသုံးပြုတိုက်ခိုက်ခဲ့သည်။ 




စစ်ကောင်စီတပ်မှ အဆိပ်ငွေ့ဗုံး အသုံးပြုတိုက်ခိုက်မှုကြောင့် တအာင်းတပ်မတော် TNLA တပ်ဖွဲ့ဝင် (၈)ဦးမှ အဆိပ်ငွေ့သင့်ပြီး အသက်ရှုမြန်ခြင်း၊ စိတ်လှုပ်ရှားမှုမြန်ခြင်း၊ မောပန်းခြင်း၊ အောက်စီဂျင်ကျခြင်းနှင့် မအီမသာဖြစ်ခြင်း ခံစားနေရပြီး ဆေးကုသမှု ခံယူနေကြရသည်။ 

နောင်ချိုရှိ ဒုံးတပ်ရင်း (၆၀၆) တပ်စခန်းအား တိုက်ခိုက်ရာတွင် စစ်ကောင်စီတပ်မှ  လွန်ခဲ့သည့် ဇွန်လ ( ၁)ရက်နေ့တွင် အဆိပ်ငွေ့ဗုံး (၁)လုံး နှင့် ဇွန်လ (၄) ရက်နေ့တွင် အဆိပ်ငွေ့ဗုံး (၃)လုံး စုစုပေါင်း  (၄)လုံးဖြင့် အသုံးပြုတိုက်ခိုက်ခဲ့သည်။ 


#PSLF/TNLA

#သတင်းနှင့်ပြန်ကြားရေးဌာန

Topics: နောင်ချိုမြို့ရှိ စစ်ကောင်စီ ဒုံးတပ်ရင်း ၆၀၆ တပ်စခန်းတွင် စစ်ကောင်စီတပ်မှ အဆိပ်ငွေ့ဗုံး (၃)လုံး အသုံးပြုတိုက်ခိုက်ခဲ့
Tags: တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် တအာင်းနိုင်ငံရေး တအာင်းပြည် တအာင်းသတင်း

မှတ်ချက်များ
သင်၏ ထင်မြင်ချက်