2050

နမ့်ဆန်မြို့တွင် မြို့နယ်စည်ပင်ကော်မတီမှ လုပ်ငန်းလိုင်စင်စစ်‌ဆေးခြင်းနှင့် ပြုလုပ်ခြင်းလုပ်ငန်းများကို ပြုလုပ်ဆောင်ရွက်ခဲ့

သတင်း
11 August 2026

နမ့်ဆန်မြို့တွင် မြို့နယ်စည်ပင်ကော်မတီမှ  လုပ်ငန်းလိုင်စင်စစ်‌ဆေးခြင်းနှင့် ပြုလုပ်ခြင်းလုပ်ငန်းများကို ပြုလုပ်ဆောင်ရွက်ခဲ့


နမ့်ဆန်၊ သြဂုတ် ၁၁ ရက်

တအာင်းပြည်သတင်း


တအာင်းပြည်၊ နမ့်ဆန်ခရိုင်၊ နမ့်ဆန်မြို့ရှိ ဈေးဆိုင်တွင် ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA ၏ မြို့နယ်စည်ပင်ကော်မတီမှ လုပ်ငန်းလိုင်စင်စစ်‌ဆေးခြင်းနှင့် ပြုလုပ်ခြင်းလုပ်ငန်းများကို သြဂုတ်လ (၉) ရက်နေ့မှ (၁၂) ရက်နေ့အထိ ပြုလုပ်ဆောင်ရွက်သွားမည်ဖြစ်သည်။




အဆိုပါစစ်ဆေးမှုတွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်ရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့နှင့် ရပ်ကွက်အုပ်ချုပ်ရေးများက ပူးပေါင်း၍  မြို့တွင်းရှိ  အခြေခံစားသောက်ကုန်စုံဆိုင်များ၊ ပရိဘောဂဆိုင်များနှင့် နေ့စဉ်သုံး ဝန်ဆောင်မှုဆိုင်များတွင်  ၂၀၂၆ ခုနှစ်အတွက် လုပ်ငန်းလိုင်စင် ရှိ/မရှိ လိုက်လံစစ်ဆေးမှု ပြုလုပ်ခဲ့ပါသည်။ စစ်ဆေးမှုအတွင်း လိုင်စင်မရှိသေးသော လုပ်ငန်းရှင်များကိုလည်း တစ်ခါတည်း လိုင်စင် ပြုလုပ်ပေးခဲ့ပါသည်။ 




ထို့အပြင် စစ်ဆေးမှု မပြုလုပ်မီ ရပ်ကွက်နှင့် အုပ်စုအုပ်ချုပ်ရေးမှူးများမှတဆင့် ဆိုင်ရှင်များထံသို့ အကြောင်းကြား အသိ‌ပေးထားပါသည်။ နောက်နောင်တွင် လုပ်ငန်းရှင်များအနေဖြင့် လုပ်ငန်းလိုင်စင်များကို ပြုလုပ်ထားရမည်ဖြစ်ပြီး သက်ဆိုင်ရာတာဝန်ရှိသူများက ရှောင်တခင်ဝင်ရောက်စစ်ဆေးမှုပြုလုပ်ချိန်တွင် မရှိပါက ဥပဒေအရ အပြစ်ပေးအရေးယူသွားမည်ဖြစ်သည်။




အလားတူ ပြီးခဲ့သည့် မေလ (၂၆)ရက်နေ့ ၌ မန်တုံမြို့တွင် ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA ၏ မြို့နယ်ရဲတပ်ဖွဲ့နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက ပူးပေါင်း၍ သက်တမ်းကုန်ဆုံးနေသည့် ဆေးဝါး၊ လူသုံးကုန်နှင့် စားသောက်ကုန်ပစ္စည်းများအား လိုက်လံစစ်ဆေးမှုများ ပြုလုပ်ခဲ့သည်။


Website Official

www.taangland.org


Telegram Official Channel

https://t.me/pslftnlanews


Telegram Link – Ta’ang TV

https://t.me/pslftnlaTaangTV


YouTube Official

https://www.youtube.com/@pslftnlanews


#PSLF/TNLA

#သတင်းနှင့်ပြန်ကြားရေးဌာန

Topics: နမ့်ဆန်မြို့တွင် မြို့နယ်စည်ပင်ကော်မတီမှ လုပ်ငန်းလိုင်စင်စစ်‌ဆေးခြင်းနှင့် ပြုလုပ်ခြင်းလုပ်ငန်းများကို ပြုလုပ်ဆောင်ရွက်ခဲ့
Tags: တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် တအာင်းနိုင်ငံရေး တအာင်းပြည် တအာင်းသတင်း တအာင်းပြည်အစိုးရ

မှတ်ချက်များ
သင်၏ ထင်မြင်ချက်