1290

ကွတ်ခိုင်မြို့တွင် စစ်ကောင်စီတပ်မှ ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကလေးငယ်အပါအဝင် ပြည်သူလူထု (၆)ဦးသေဆုံး၊ (၇)ဦး ထိခိုက်ဒဏ်ရာရ

သတင်း
30 July 2025

ကွတ်ခိုင်မြို့တွင် စစ်ကောင်စီတပ်မှ ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကလေးငယ်အပါအဝင် ပြည်သူလူထု (၆)ဦးသေဆုံး၊ (၇)ဦး ထိခိုက်ဒဏ်ရာရ

 

ကွတ်ခိုင်၊ ဇူလိုင်လ ၃၀ရက်

တအာင်းပြည်သတင်း

 

တအာင်းပြည်၊ တပ်မဟာ (၇)နယ်မြေ၊ ကွတ်ခိုင်မြို့တွင် စစ်ကောင်စီတပ်မှ ဂျက်ဖိုက်တာဖြင့် ဗုံးကြဲချတိုက်ခိုက်မှုကြောင့် ကလေးငယ်အပါအဝင် ပြည်သူလူထု (၆)ဦးသေဆုံးခဲ့ပြီး (၇)ဦးထိခိုက်ဒဏ်ရာရခဲ့ပါသည်။ 

 

ဖြစ်စဥ်တွင် ယနေ့ နံနက် (၁၂း၅၅)နာရီအချိန်၌ ကွတ်ခိုင်မြို့၊ ရပ်ကွက် (၂)ရှိ ရာစုသစ်ဟိုတယ်တွင် လေကြောင်းဖြင့် စစ်ကောင်စီတပ်မှ ပေါင်(၂၅၀)ဗုံး (၂)လုံး လာရောက်ကြဲချတိုက်ခိုက်ခဲ့ပါသည်။ ထိုဗုံးကျ‌ရောက်ပေါက်ကွဲမှုကြောင့် ကလေးငယ် (၁)ဦး၊ အမျိုးသမီး (၁)ဦးနှင့် အမျိုးသား (၄)ဦး သေဆုံးခဲ့ရပြီး အမျိုးသမီး (၃)ဦးနှင့် အမျိုးသား (၄)ဦး ထိမှန်ဒဏ်ရာရှိခဲ့ကာ နေအိမ် (၂)အိမ်၊ တည်ခိုးခန်းအဆောက်အဦးတစ်ချို့လည်း ဗုံးစထိမှန်ပျက်စီးသွားခဲ့သည်။

 


အလားတူ ယမန့်နေ ဇူလိုင်လ (၂၉)ရက်နေ့လည်း မိုးကုတ်နှင့် မိုင်းလုံမြို့နယ်တွင် စစ်ကောင်စီတပ်မှ ဂျက်ဖိုက်တာဖြင့် ဗုံးများလာရောက်ကြဲချတိုက်ခိုက်မှုကြောင့် အမျိုးသား (၃)ဦးနှင့် အမျိုးသမီး (၁)ဦးသေဆုံးခဲ့ပြီး အမျိုးသား (၁၁)ဦးနှင့် အမျိုးသမီး(၇)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကာ နေအိမ် (၂၁)အိမ်လည်း ဗုံးစထိမှန်ပျက်စီးသွားခဲ့ပါသည်။

 



စစ်ကောင်စီတပ်သည် ယခုလအတွင်း ကျောက်မဲ၊ မိုင်းငေါ့၊ နောင်ချို၊ သီပေါနှင့် မိုးကုတ်မြို့နယ်များတွင် လေကြောင်းဖြင့် စုစုပေါင်း (၂၈)ကြိမ် ဗုံးများလာရောက်ကြဲတိုက်ခိုက်မှုကြောင့် ကလေးငယ် (၂)ဦးနှင့် အမျိုးသား (၁၃)ဦးသေဆုံးခဲ့ပြီး ကလေးငယ် (၄)ဦး၊ အမျိုးသား (၃၅)ဦးနှင့် အမျိုးသမီး (၉)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါသည်။ ၎င်းအပြင် ပြည်သူလူထု၏နေအိမ် (၇၆)အိမ်၊ စာသင်ကျောင်း (၂)ကျောင်းနှင့် ဘုန်းကြီးကျောင်း (၂)ကျောင်းလည်း ထိမှန်ပျက်စီးသွားခဲ့ပါသည်။

 



ထိုကြောင့် မိဘပြည်သူများအနေဖြင့် စစ်ကောင်စီတပ်၏တိုက်ခိုက်မှုများရှောင်ရှားနိုင်ရန် စစ်ရေးသတိ အမြဲရှိရန်လိုအပ်ပြီး လေကြောင်းရန်မှကာကွယ်နိုင်ရန်လေကြောင်းရန်ကာကွယ်ရေးဆိုင်ရာနည်းလမ်းများ လိုက်နာဆောင်ရွက်ရန်လိုအပ်ပါသည်။

 

#PSLF/TNLA

#သတင်းနှင့်ပြန်ကြားရေးဌာန

Topics: ကွတ်ခိုင်မြို့တွင် စစ်ကောင်စီတပ်မှ ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကလေးငယ်အပါအဝင် ပြည်သူလူထု (၆)ဦးသေဆုံး၊ (၇)ဦး ထိခိုက်ဒဏ်ရာရ
Tags: တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် တအာင်းနိုင်ငံရေး တအာင်းပြည် တအာင်းသတင်း တအာင်းပြည်အစိုးရ

မှတ်ချက်များ
သင်၏ ထင်မြင်ချက်