1201

နမ့်ဆန်တွင် မူးယစ်ဆေးဝါးသုံးစွဲသူ (၂၉)ဦးအား PSLF/TNLAမှ အကျင့်စာရိတ္တပြုပြင်ပေးပြီး ပြန်လွှတ် ပေး

သတင်း / နိုင်ငံရေး
24 June 2025

နမ့်ဆန်တွင် မူးယစ်ဆေးဝါးသုံးစွဲသူ (၂၉)ဦးအား PSLF/TNLAမှ အကျင့်စာရိတ္တပြုပြင်ပေးပြီး ပြန်လွှတ် ပေး


နမ့်ဆန်၊ ဇွန်လ ၂၄ရက်

တအာင်းပြည်သတင်း

 

တအာင်းပြည်၊ တပ်မဟာ (၉)နယ်မြေ၊ နမ့်ဆန်မြို့နယ်တွင် ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLAမှ မူးယစ်ဆေးဝါးသုံးစွဲသူ (၂၉)ဦးအား အကျင့်စာရိတ္တပြုပြင်ပေးပြီး ဇွန်လ (၂၁)ရက်နေ့တွင် ပြန်လွှတ်ပေးခဲ့သည်။

 

အဆိုပါ မူးယစ်ဆေးဝါးသုံးစွဲသူတို့ကို PSLF/TNLAမှ အကျင့်စာရိတ္တပြုပြင်ရေးစခန်းတွင် (၆)လကြာ အကျင့်စာရိတ္တပြုပြင်ပေးခဲ့ပြီး ၎င်းတို့သည် နမ့်ဆန်မြို့နယ် တအာင်းပြည် ရဲတပ်ဖွဲ့မှ ဖမ်းဆီးရမိခဲ့သည့်မူးယစ်ဆေးသုံးသူများဖြစ်ကြသလို  ၎င်းတို့၏ မိဘအုပ်ထိန်းသူကိုယ်တိုင် အကျင့်စာရိတ္တပြုပြင်ပေးရန် လာရောက်အပ်နှံသည့်သူများလည်းရှိကြပါသည်။

 

မူးယစ်ဆေးဝါးသုံးစွဲသူများသည် ပထမအကြိမ်တွင် အကျင့်စာရိတ္တပြုပြင်ရေးစခန်းတွင်  (၆)လကြာ ပြစ်မှုခံရမည်ဖြစ်ပြီး ဒုတိယအကြိမ် ထပ်မံသုံးစွဲပါက (၃)နှစ်ကြာ ပြစ်ဒဏ်ခံရမည်ဖြစ်သည်။


ပြီးခဲ့သည့် ဧပြီလ (၉)ရက်‌နေ့လည်း နမ့်ဆန်ခရိုင်တွင်ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLAမှ မူးယစ်ဆေးဝါးသုံးစွဲသူ (၄၃)ဦးအား အကျင့်စာရိတ္တပြုပြင်ပေးကာ ပြန်လွှတ်ပေးခဲ့ပြီးဖြစ်ပါသည်။

 

၁ဝ၂၇ စစ်ဆင်ရေးမတိုင်ခင်ထိ တအာင်းပြည်အတွင်း မူးယစ်ဆေးဝါးသုံးစွဲသူများပြားခဲ့ပြီး ယခု PSLF/TNLA အုပ်ချုပ်ပြီးနောက် တရားဥပဒေစိုးမိုးရေးလုပ်ငန်းများဆောင်ရွက်ကာ မူးယစ်ဆေးဝါးရောင်းဝယ်ခြင်းနှင့် သုံးစွဲသူများကို ထိရောက်စွာအရေးယူနိုင်ခဲ့သည်။

 

#PSLF/TNLA

#သတင်းနှင့်ပြန်ကြားရေးဌာန

Topics: နမ့်ဆန်တွင် မူးယစ်ဆေးဝါးသုံးစွဲသူ (၂၉)ဦးအား PSLF/TNLAမှ အကျင့်စာရိတ္တပြုပြင်ပေးပြီး ပြန်လွှတ် ပေး
Tags: တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် တအာင်းနိုင်ငံရေး တအာင်းပြည် တအာင်းသတင်း ညီနောင်မဟာမိတ်သုံးဖွဲ့ တအာင်းပြည်အစိုးရ

မှတ်ချက်များ
သင်၏ ထင်မြင်ချက်