မိုင်းယု (၁၀၅)မိုင်တွင် ညီနောင်မဟာမိတ် (၃)ဖွဲ့မှသက်တမ်းကုန်နေသည့် ဆေးဝါးနှင့် စားသောက်ကုန်ပစ္စည်းများကိုစစ်ဆေးမှုပြုလုပ်
မန်တုံ၊ ဇွန်လ ၂၁ရက်
တအာင်းပြည်သတင်း
တအာင်းပြည်၊ တပ်မဟာ (၇)နယ်မြေ၊ နမ့်ခမ်းခရိုင်၊ မိုင်းယု(၁၀၅)မိုင်တွင် ညီနောင်မဟာမိတ် (၃)ဖွဲ့မှ သက်တမ်းကုန်နေသည့် စားသောက်ကုန်နှင့်ဆေးဝါးပစ္စည်းများကို စစ်ဆေးမှုပြုလုပ်ခဲ့သည်။
ထိုစစ်ဆေးမှုကို ပြီးခဲ့သည့် မေလ (၂၆)ရက်နေ့တွင် မိုင်းယု(၁၅၀)မိုင်အတွင်းရှိ ဆေးခန်းများနှင့် ကုန်စုံဆိုင်များကို လိုက်လံစစ်ဆေးခဲ့ရာတွင်သက်တမ်းကုန်နေသည့် ပစ္စည်းများကိုလည်း စစ်ဆေးတွေ့ရှိခဲ့ပါသည်။
အဆိုပါ စစ်ဆေးတွေ့ရှိထားသည့် ပစ္စည်းများကိုလည်းသိမ်းဆည်းသွားခဲ့ပြီး ယမန်နေ့ ဇွန်လ (၂၀)ရက်တွင် မီးရှို့ဖျက်စီးပစ်ခဲ့ပါသည်။ ၎င်းဆိုင်များအနေဖြင့် သက်တမ်းကုန်နေသည့် စားသောက်ကုန်နှင့် ဆေးများကို ထပ်မံရောင်းချမည်ဆိုပါက အရေးယူသွားမည်ဖြစ်ကြောင်း သတိပေးခဲ့ပါသည်။
ထိုစစ်ဆေးမှုပြုလုပ်ရခြင်းသည် မိဘပြည်သူလူထုများမှ သက်တမ်းကုန်ဆုံးနေသည့် ဆေးနှင့် စားသောက် ကုန်ပစ္စည်းများကို မဝယ်မိစေရန်နှင့်ရောင်းသူများကိုလည်း နောက်နောင်မရောင်းရန် နောက်ဆုံးအကြိမ်ဖြင့် သတိပေးခဲ့ပါသည်။ ပြည်သူလူထုများ၏ ကျန်းမာရေးကို အလေးထားပြီး စားသောက်ကုန်များကို ကျန်းမာ ရေးနှင့် ညီညွတ်သော စာသောက်ကုန်များကိုသာ ရောင်းချရမည်ဖြစ်ကြောင့် အသိပေးခဲ့ပါသည်။
၎င်းဆေးဆိုင်နှင့် စားသောက်ကုန်ရောင်းနေသည့်ဆိုင်များအနေဖြင့် သက်တမ်းကုန်နေသည့် ပစ္စည်းများကို ထပ်မံတင်သွင်းရောင်းချပါက ထိုပစ္စည်းများ၏ တန်ဖိုးအတိုင်း ပြန်လျော်ပေးရမည်ဖြစ်ပါသည်။
အလားတူ ပြီးခဲ့သည့် ဇွန်လ (၁၇)ရက်နေ့လည်းသက်တမ်းကုန်နေသည့် ဆေးဝါးနှင့် စားသောက်ကုန်ပစ္စည်းများကိုမြိုစီမံအုပ်ချုပ်ရေးကော်မတီမှ ထပ်မံစစ်ဆေးမှုပြုလုပ်ခဲ့သည်။
#PSLF/TNLA
#သတင်းနှင့်ပြန်ကြားရေးဌာန
မှတ်ချက်များ