1197

မိုင်းဝီးမြို့နယ်တွင် စားဝတ်နေရေးခက်ခဲနေသည့် နေအိမ်များကိုမြို့နယ်အထွေထွေအုပ်ချုပ်ရေးဌာနမှ ဆန်အိတ် (၁၂၇)အိတ် ထောက်ပံ့ပေး

သတင်း / နိုင်ငံရေး
21 June 2025

မိုင်းဝီးမြို့နယ်တွင် စားဝတ်နေရေးခက်ခဲနေသည့် နေအိမ်များကိုမြို့နယ်အထွေထွေအုပ်ချုပ်ရေးဌာနမှ  ဆန်အိတ် ( ၇၅)အိတ် ထောက်ပံ့ပေး


မိုင်းဝီးမြို့၊ ဇွန်လ ၁၉ရက်

တအာင်းပြည်သတင်း


တအာင်းပြည်၊ တပ်မဟာ (၆)နယ်မြေ၊ မိုင်းဝီးမြို့နယ်တွင် စားဝတ်နေရေးခက်ခဲနေသည့်နေအိမ်များကို    ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA မြို့နယ်အထွေထွေအုပ်ချုပ်ရေးဌာနမှ ဆန်အိတ်ပေါင်း (၇၅)အိတ် ထောက်ပံ့ပေးခဲ့ပါသည်။ 


ပြီးခဲ့သည် ဧပြီလတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဌာနမှ ကျေးရွာ (၃)ရွာအား စားဝတ်နေရေး အဆင်ပြေသွား‌စေရန်အတွက် ဆန်များကို လိုက်လံထောက်ပံ့ပေးခဲ့ပါသည်။


ထိုကျေးရွာများသည် ပြင်လုံကျေးရွာ (၃၈) အိတ်၊ ကောင်းစုံကျေးရွာ (၁၃) အိတ်၊ တွန်ပုတ်ကျေးရွာ (၁၉) အိတ် နှင့် ပြင်လုံကျေးရွာ ဘုန်းကြီးကျောင်း (၅) အိတ် ထောက်ပံ့လှူဒါန်းပေးခဲ့သည်။


အဆိုပါ စား‌ဝတ်နေရေးအခက်အခဲကြုံနေရသည့် ကျေးရွာများကို ထောက်ပံ့ကူညီနိုင်ရန်အတွက် 

မြို့နယ်အထွေထွေအုပ်ချုပ်ရေးဌာနမှ ပါဝင်ထည့်ထားသည့်ဆန်အပါအဝင်  ပန်ယုတ်(အောက်)ကျေးရွာ ၊ ပန်ယုတ်(ထက်)၊ စေကင်းကျေးရွာ ၊ မန်ပူးကျေးရွာ၊  မန်ပန်ကျေးရွာ၊ ပန်ဟန်ကြီးကျေးရွာ၊ နမ့်စန်ကျေးရွာတို့ကို လိုက်လံအလှူခံရရှိထားသည့် ဆန်များဖြစ်သည်။


 

တုန်ဟုံးအုပ်စုအတွင်းရှိ ကျေးရွာများသည် မိုးရာသီရောက်လျှင် လမ်းများလည်း သွားလာရန် အခက်အခဲရှိသောကြောင့် မြို့ပေါ်ရောက်ရှိရန် ခက်ခဲလှပါသည်။


#PSLF/TNLA

#သတင်းနှင့်ပြန်ကြားရေးဌာန

Topics: မိုင်းဝီးမြို့နယ်တွင် စားဝတ်နေရေးခက်ခဲနေသည့် နေအိမ်များကိုမြို့နယ်အထွေထွေအုပ်ချုပ်ရေးဌာနမှ ဆန်အိတ် (၁၂၇)အိတ် ထောက်ပံ့ပေး
Tags: တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် တအာင်းနိုင်ငံရေး တအာင်းပြည် ညီနောင်မဟာမိတ်သုံးဖွဲ့ တအာင်းပြည်အစိုးရ

မှတ်ချက်များ
သင်၏ ထင်မြင်ချက်