နောင်ချိုမြို့နယ်ရှိ ကျေးရွာ(၇)ရွာတွင် စစ်ကောင်စီတပ်နှင့် တအာင်းတပ်မတော် -TNLAတို့ တိုက်ပွဲဆက်လက် ဖြစ်ပွား
နောင်ချို၊ ဇွန်လ ၂၁ရက်
တအာင်းပြည်သတင်း
တအာင်းပြည်၊ တပ်မဟာ(၃)နယ်မြေ၊ နောင်ချိုမြို့နယ်မှာရှိသည့် လက်ပန်ကုန်း၊ သရက်ကုန်း၊ ဉာဏ်တော၊ ရွေသွန်း၊ လုံဝယ်၊ အုမ္မသီးကျေးရွာနှင့် ဆမ္မဆယ်ကျေးရွာတွင် စစ်ကောင်စီတပ်နှင့် တအာင်းတပ်မတော်-TNLA တို့တိုက်ပွဲဆက်လက်ဖြစ်ပွားခဲ့ပြီး ထိုတိုက်ပွဲဖြစ်ပွားနေချိန် စစ်ကောင်စီတပ်မှ လက်နက်ကြီး(၁၄၄)လုံး နှင့် ဒရုန်းဖြင့် ဗုံး (၃၁)လုံးတို့ကို ကြဲချတိုက်ခိုက်ခဲ့ပါသည်။
ဖြစ်စဥ်မှာ ယမန်နေ့ နံနက်ပိုင်း(၆း၁၅)နာရီအချိန်တွင် ပိန္နဲကုန်းနှင့် ဉာဏ်တောကျေးရွာကြားတွင် တိုက်ပွဲဖြစ်ပွား ခဲ့ပြီး ထိုတိုက်ပွဲဖြစ်ပွားနေချိန်အတွင်း စစ်ကောင်စီတပ်သည် လက်နက်ကြီး (၁၃)လုံးပစ်ခတ်တိုက်ခိုက်ခဲ့ပြီး (၈း၃၂)နာရီအချိန်တွင်လည်သရက်ကုန်းကျေးရွာနှင့် ကန်ကြီးကျေးရွာတွင်တိုက်ပွဲဖြစ်ပွားနေစဥ်အတွင်း စစ်ကောင်စီတပ်မှ လက်နက်ကြီး(၂၀)လုံးနှင့် ဒရုန်းဖြင့် ဗုံး(၁၁)လုံးတို့ကို ကြဲချပစ်ခတ်တိုက်ခိုက်ခဲ့ပါသည်။
အလားတူ လက်ပန်ကုန်းကျေးရွာနှင့် လိုင်ဝဲကျေးရွာတွင်တိုက်ပွဲဖြစ်ပွားနေချိန်စစ်ကောင်စီတပ်မှ လက်နက်ကြီး (၄၆)လုံးနှင့် ဒရုန်းဖြင့် ဗုံး(၆)လုံးကြဲချတိုက်ခိုက်ခဲ့ပြီး နေ့လယ်(၂း၃၀)နာရီအချိန်တွင် ရွှေသွန်းကျေးရွာတွင်တိုက်ပွဲ ဖြစ်ပွားနေချိန်တွင် စစ်ကောင်ဘက်မှ လက်နက်ကြီး(၅၃)လုံးနှင့် ဒရုန်းဖြင့် ဗုံး(၁၅)လုံးကြဲချတိုက်ခိုက်ခဲ့သည်။
ထိုအပြင် ဆမ္မဆယ်ကျေးရွာ နှင့် အုမ္မသီးကျေးရွာတွင်စစ်ကောင်စီတပ်နှင့် တအာင်းတပ်မတော်-TNLAတို့ ထိတွေ့ တိုက်ပွဲဆက်လက်ဖြစ်ပွားခဲ့ပါသည်။
အလားတူ ယမန်နေ့ နံနက်ပိုင်းအချိန်၌ ရေမောင်းတန်းနှင့်ရွှေညောင်ပင်ကျေးရွာကြားတွင် စစ်ကောင်စီတပ်နှင့် တအာင်းတပ်မတော်-TNLAတို့ တိုက်ပွဲဆက်လက်ဖြစ်ပွားခဲ့ပြီး ထိုတိုက်ပွဲအတွင်း စစ်ကောင်စီတပ်သည် လက်နက်ကြီး(၄၁)လုံး၊ ဒရုန်းဖြင့် အဆိပ်ငွေ့ဗုံး (၆)လုံးနှင့် ဗုံး (၄၅)လုံးတို့ကို ကြဲချတိုက်ခိုက်ခဲ့ပါသည်။
ပြီးခဲ့သည့် ဇွန်လ (၁၈)ရက်နေ့လည်း ဉာဏ်တောနှင့် ရွှေသွန်းကျေးရွာတွင် တိုက်ပွဲဖြစ်ပွားခဲ့ပြီး ထိုတိုက်ပွဲအတွင်း စစ်ကောင်စီတပ်သည်လက်နက်ကြီး (၃၈)လုံး၊ ဒရုန်းဖြင့် ဗုံး (၁၀)လုံးတို့ကို ကြဲချပစ်ခတ်တိုက်ခိုက်ခဲ့သည်။ ထိုအပြင် တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့်ရွှေညောင်ပင်နှင့် ရေမောင်းတန်းကျေးရွာဘက်ကိုလည်း စစ်ကောင်စီတပ် သည် ပြည်သူလူထုများကို ဦးတည်ပြီး ရည်ရွယ်ချက်ရှိရှိ လက်နက်ကြီး (၈)လုံးနှင့်ဒရုန်းဖြင့် ဗုံး (၂၃)လုံး ကြဲချတိုက်ခိုက်ခဲ့သည်။
ညီနောင်မဟာမိတ် (၃)ဖွဲ့မှ ငလျင်ဒဏ်သင့်ပြည်သူများနှင့်လူသားချင်းစာနာထောက်ထားရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်နိုင်ရေးအတွက်
တိုက်ပွဲဖြစ်ပွားလျက်ရှိသောနေရာများတွင် ထိုးစစ်ဆင်များပြုလုပ်မည်မဟုတ်ဘဲတစ်ဖက်သတ်အပစ်ရပ်ကာလအား နောက်ထပ် (၁)လသက်တမ်းထပ်တိုးထားနေစဉ် စစ်ကောင်စီတပ်မှ အခွင့်ကောင်းယူပြီး အဆက်မပြတ်ထိုးစစ်ဆင်နေသောကြောင့် နောင်ချိုမြို့နယ်တွင်တိုက်ပွဲများ မကြာခဏဖြစ်ပွားလျှက်ရှိသည်။
ထိုကြောင့် မိဘပြည်သူများအနေဖြင့် စစ်ကောင်စီ၏ဗုံးကြဲတိုက်ခိုက်မှုများရှောင် ရှားနိုင်ရန် စစ်ရေးသတိအမြဲရှိရန်လိုအပ်ပြီး လေကြောင်းရန်မှကာကွယ်နိုင်ရန် လေကြောင်းရန်ကာကွယ်ရေးဆိုင်ရာနည်းလမ်းများ လိုက်နာဆောင်ရွက်ရန်လိုအပ်ပါသည်။
#PSLF/TNLA
#သတင်းနှင့်ပြန်ကြားရေးဌာန
မှတ်ချက်များ