1195

PSLF/TNLA ၏ မြို့နယ်စည်ပင်သာယာ ရေးအဖွဲ့မှ မြို့တွင်းရှိ ပျက်စီးနေသည့် လမ်းများကို ကတ္တရာလမ်းဖြင့် ဆောင်ရွက်ပေး

သတင်း / နိုင်ငံရေး
21 June 2025

PSLF/TNLA ၏ မြို့နယ်စည်ပင်သာယာ ရေးအဖွဲ့မှ မြို့တွင်းရှိ ပျက်စီးနေသည့် လမ်းများကို ကတ္တရာလမ်းဖြင့် ဆောင်ရွက်ပေး


နမ္မတူ၊ ဇွန်လ ၂၁ရက်

တအာင်းပြည်သတင်း


တအာင်းပြည်၊ တပ်မဟာ(၈)နယ်မြေ၊ နမ္မတူမြို့တွင် PSLF/TNLA ၏ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ပျက်စီးနေသည့် လမ်းအား ကတ္တရာလမ်းဖြင့် ဆောင်ရွက်ပေးသည်။


အဆိုပါလမ်းအား မြို့တွင်းရှိ ရပ်ကွက် (၂)တွင် လမ်းများပျက်စီးနေ သော ကြောင့် ဒေသခံပြည်သူလူထုများလာသွားအဆင်ပြေစေရန်အတွက် ပြီးခဲ့သည့် ဇွန်လ(၁၅)ရက်နေ့တွင်  ကတ္တရာလမ်းအဖြစ် စတင်ပြု လုပ်ပေးနေသည်။  ထို့အပြင် မြို့တွင်းနှင့် မြို့ပြင်လမ်းများသည်လည်း သန့်ရှင်းရန်အတွက် လမ်းဘေးရေးမြောင်းတူးဖော်ခြင်း၊ ခြံရှင်း လင်းခြင်း၊ အမှိုက်ကောက်သိမ်းခြင်းများစသည်တို့ကို ဆောင်ရွက်လျက်ရှိနေပါသည်။ 


အလားတူ ပြီးခဲ့သည့် ဇွန်လ (၄)ရက်နေ့လည်း နမ္မတူမြို့တွင်းရှိ ရပ်ကွက်(၃)တွင် ပျက်စီးနေသည့်လမ်းများ ပြန်လည်ပြုပြင်ပေးခြင်းနှင့် ပန်းခြံဥယျာဥ်အတွင်းရှိ ခြုံပင်များကို ရှင်းလင်းပေးခဲ့သည်။ ထို့အပြင် သီပေါမြို့နယ်တွင်လည်း မန်လွယ်ကျေးရွာနှင့် တော့ဖယ်ကျေးရွာကြားတွင် PSLF/TNLA မြို့နယ်အုပ်ချုပ်ရေးဌာနမှ ဦိးဆောင်ပြီး တံတားတစ်စင်းပြုလုပ်ပေးခဲ့သည်။


ပြီးခဲ့သည့် မေလတွင်း သီပေါမြို့နယ်နှင့် နမ္မတူမြို့နယ်တို့တွင်  မြို့နယ်စည်ပင်သာ ယာရေးအဖွဲ့မှ  မြို့နယ်သာယာဖွံ့ဖြိုးရေးအတွက် လမ်းများပြုပြင်ခြင်း၊ တံတားတည်ဆောက်ပေးခြင်း၊ သောက်သုံးရေအခက် အခဲမရှိစေရန် ရေသွယ်ပေးခြင်းပြုလုပ်ပေးခဲ့သည်။


#PSLF/TNLA

#သတင်းနှင့်ပြန်ကြားရေးဌာန

Topics: PSLF/TNLA ၏ မြို့နယ်စည်ပင်သာယာ ရေးအဖွဲ့မှ မြို့တွင်းရှိ ပျက်စီးနေသည့် လမ်းများကို ကတ္တရာလမ်းဖြင့် ဆောင်ရွက်ပေး
Tags: တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် တအာင်းနိုင်ငံရေး တအာင်းပြည် ညီနောင်မဟာမိတ်သုံးဖွဲ့

မှတ်ချက်များ
သင်၏ ထင်မြင်ချက်