1194

မန်တုံတွင် PSLF/TNLA မြို့နယ်အထွေထွေအုပ်ချုပ်ရေးဌာနမှ ဦးဆောင်ပြီး ရပ်ကွက်နှင့်အုပ်စုအုပ်ချုပ်ရေးမှူးတို့ကို တွေ့ဆုံဆွေးနွေးပွဲပြုလုပ်

သတင်း / နိုင်ငံရေး
20 June 2025

မန်တုံတွင်  PSLF/TNLA  မြို့နယ်အထွေထွေအုပ်ချုပ်ရေးဌာနမှ ဦးဆောင်ပြီး ရပ်ကွက်နှင့်အုပ်စုအုပ်ချုပ်ရေးမှူးတို့ကို တွေ့ဆုံဆွေးနွေးပွဲပြုလုပ်


မန်တုံ၊ ဇွန်လ ၂၀ရက်

တအာင်းပြည်သတင်း

 

တအာင်းပြည်၊ တပ်မဟာ (၅)နယ်မြေ၊ မန်တုံမြို့တွင် ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA မြို့နယ်အထွေထွေအုပ်ချုပ်ရေးဌာနမှ ဦးဆောင်ပြီး ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့်ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးတို့ကို ပြီးခဲ့သည့် ဇွန်လ (၁၂)ရက်နေ့တွင် တွေ့ဆုံဆွေးနွေးပွဲပြုလုပ်ခဲ့သည်။

 

အဆိုပါဆွေးနွေးပွဲတွင် မြို့/ရွာအေးချမ်းသာယာရေးလုပ်ငန်းများ ပိုမိုလုပ်ဆောင်သွားရန်နှင့် မူးယစ်ဆေးဝါးပပျောက်ရေးလုပ်ငန်းများဆောင်ရွက်ရာတွင် ပြည်သူလူထုများအနေဖြင့် ပူးပေါင်းကြရန်တို့ကို အပြန်အလှန်ဆွေးနွေးခဲ့ကြသည်။

 

ထိုနောက် တက်ရောက်လာကြသည့် ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် ကျေး‌ရွာအုပ်စုအုပ်ချုပ်ရေးများမှ (၅) လအတွင်း ၎င်းတို့၏ လုပ်ငန်းဆောင်ရွက်ချက်အပေါ်အားသားချက်နှင့် အားနည်းချက်များကို ရှင်းလင်းတင်ပြခဲ့ပြီး ရှေ့ဆက်လုပ်ဆောင်သွားရမည့်လုပ်ငန်းများကို တင်ပြဆွေးနွေးခဲ့ကြသည်။

 

အဆိုပါ တွေ့ဆုံဆွေးနွေးပွဲကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဌာနမှ တာဝန်ရှိသူများ၊ တအာင်းပြည်မြို့ နယ်ရဲတပ်ဖွဲ့၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် အုပ်စုအုပ်ချုပ်ရေးမှူးတို့အပါအဝင်စုစုပေါင်း လူဦးရေ(၅၀) ဝန်းကျင် တက်ရောက်ခဲ့ကြသည်။

 

#PSLF/TNLA

#သတင်းနှင့်ပြန်ကြားရေးဌာန

Topics: မန်တုံတွင် PSLF/TNLA မြို့နယ်အထွေထွေအုပ်ချုပ်ရေးဌာနမှ ဦးဆောင်ပြီး ရပ်ကွက်နှင့်အုပ်စုအုပ်ချုပ်ရေးမှူးတို့ကို တွေ့ဆုံဆွေးနွေးပွဲပြုလုပ်
Tags: တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် တအာင်းနိုင်ငံရေး တအာင်းပြည် တအာင်းသတင်း ညီနောင်မဟာမိတ်သုံးဖွဲ့ တအာင်းပြည်အစိုးရ

မှတ်ချက်များ
သင်၏ ထင်မြင်ချက်