1174

နောင်ချိုတွင် စစ်ကောင်စီတပ်၏ ထိုးစစ်ဆင်တိုက်ခိုက်လာသောကြောင့်ပြည် သူလူထုများသည် ကျောက်မဲမြို့နယ်ပေါ် ထွက်ပြေးတိမ်းရှောင်နေရ

သတင်း / နိုင်ငံရေး
12 June 2025

နောင်ချိုတွင် စစ်ကောင်စီတပ်၏ ထိုးစစ်ဆင်တိုက်ခိုက်လာသောကြောင့်ပြည် သူလူထုများသည် ကျောက်မဲမြို့နယ်ပေါ် ထွက်ပြေးတိမ်းရှောင်နေရ

တအာင်းပြည်၊ ဇွန်လ ၁၂ရက်

တအာင်းပြည်၊ တပ်မဟာ (၃)နယ်မြေ၊ နောင်ချိုမြို့နယ်အတွင်း စစ်ကောင်စီတပ်သည် ထိုးစစ်ဆင်တိုက်ခိုက်လာသောကြောင့် တိုက်ပွဲများဖြစ်ပွားပြီး ပြည်သူလူထုများသည် ကျောက်မဲမြို့နယ်ပေါ်တွင်ထွက်ပြေးတိမ်းရှောင်နေကြရပါသည်။ 

ပြီးခဲ့သည့် ဧပြီလ (၂၉)ရက်နေ့မှ ဇွန်လ (၈)ရက်နေ့အထိ ကျောက်မဲမြို့နယ်ပေါ်တွင် တိုက်ပွဲ‌ရှောင်ပြည်သူလူထု (၁၀၀၀)ဦးကျော် တိမ်းရှောင်နေရသည်။ ထိုနေရာများသည် တိလင်ပရိတ္တိစာသင်တိုက်မှ  (၄၆)ဦး၊ အဝေရာပါသကျောင်းမှ (၃၀)ဦး၊ နောင်ပိန်(အ.ထ.က)ကျောင်းမှ (၆၂၅)ဦး၊ ထန်းတပင်ကျေးရွာမှ (၁၅၀)ဦးနှင့် လုပ်ပါဟကျေးရွာမှ (၁၆၃)ဦးတို့အပါအဝင် စုစုပေါင်း (၁၀၁၄)ဦးတို့ဖြစ်ကြသည်။

အဆိုပါ တိုက်ပွဲ‌ရှောင်ပြည်သူလူထုများသည် နောင်ချိုမြို့နယ်မှ တောင်ရပ်ကွက်၊ ဘူတာရပ်ကွက်၊  ‌စျေးရပ်ကွက်၊စျေးကုန်း၊ နောင်လင်၊ သရက်ကုန်း၊ ကန်ကြီး၊ ရေဖြူ၊ လောက်ဖန်း၊ ညောင်ပင်သာ၊ မဲပုတ်၊ နောင်ချိုကြီး၊ ရေမောင်းတန်း၊ ညောင်နီ၊ သုံးဆယ်၊ ‌တောင်ရှည်၊ မျက်ချီးနု၊ သပြေရေ၊နားရှိုး၊ ရွှေမုဠော၊ မန်မော်၊ အင်းဖို၊ တောင်လှ၊ တောင်ခမ်း၊ လက်ပံကုန်း၊ လွယ်ခေါ်၊ ပိန္နဲကုန်း၊ နောင်အော၊ ညဏ်တော၊ လုံခံ၊ နမ့်ဆောင်ဟူးနှင့် ပါဟတ်ကျေးရွာစသည့်ပြည်သူလူထုများဖြစ်ကြပါသည်။

စစ်ကောင်စီတပ်သည် ညီနောင်မဟာမိတ် (၃)ဖွဲ့၏ တဖက်သတ်အပစ်ခတ်ရပ်စဲရေးကာလကိုအခွင့်ကောင်းယူပြီး စစ်အင်အားတိုးချဲလာခြင်း၊ ထိုးစစ်ဆင်လာခြင်း၊ တိုက်ပွဲများ ဖော်ဆောင်ခြင်း၊ လက်နက်ကြီး ပစ်ခတ်ခြင်း၊ ဒရုန်းဖြင့် ဗုံးကြဲချခြင်း၊ အဆိပ်ငွေ့ဗုံးများ ကြဲချခြင်းနှင့်လေကြောင်းဖြင့် ဗုံးကြဲခြင်းစသည့်လုပ်ရပ်များ ပြုလုပ်လျှက်ရှိနေသည်။

စစ်ကောင်စီတပ်သည် တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့် ကျေးရွာများကိုလည်းအပြစ်မဲ့ပြည်သူလူထုများကို သေကြေပျက်စီးစေလိုသောခြင်းနှင့် တအာင်းပြည်အတွင်း မနေရဲနိုင်အောင် ရည်ရွယ်ချက်ရှိရှိ ဦးတည်ပြီး လက်နက်ကြီးများ ပစ်ခတ်ခြင်း၊ ဒရုန်းဖြင့် ဗုံးကြဲချခြင်းနှင့်လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်နေပါသည်။

စစ်ကောင်စီတပ်၏ လူမဆန်စွာရက်စက်မှုကြောင့် မိဘပြည်သူလူထုများလည်းသေဆုံးခဲ့ရသလို ထိခိုက်ဒဏ်ရာရရှိသူလည်း အများအပြားရှိခဲ့ပါသည်။ ထိုနောက်တွင် ပြည်သူလူထုများ၏ နေအိမ်များ၊ ဘုန်းကြီးကျောင်းနှင့် စာသင်ကျောင်းလည်း အများအပြား ထိမှန်ပျက်စီးသွားခဲ့ရသည်။

#PSLF/TNLA
#သတင်းနှင့်ပြန်ကြားရေးဌာန

Topics: နောင်ချိုတွင် စစ်ကောင်စီတပ်၏ ထိုးစစ်ဆင်တိုက်ခိုက်လာသောကြောင့်ပြည် သူလူထုများသည် ကျောက်မဲမြို့နယ်ပေါ် ထွက်ပြေးတိမ်းရှောင်နေရ
Tags: တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် တအာင်းနိုင်ငံရေး တအာင်းပြည် တအာင်းသတင်း တအာင်းပြည်အစိုးရ

မှတ်ချက်များ
သင်၏ ထင်မြင်ချက်