1173

တအာင်းတပ်မတော် TNLA၏ အပတ်စဉ် (၆၇)စစ်ရေးသင်တန်းဆင်းပွဲ အခမ်းအနား ပြုလုပ်ကျင်းပ

သတင်း / နိုင်ငံရေး
12 June 2025

တအာင်းတပ်မတော် TNLA၏ အပတ်စဉ် (၆၇)စစ်ရေးသင်တန်းဆင်းပွဲ အခမ်းအနား ပြုလုပ်ကျင်းပ


တအာင်းပြည်၊ ဇွန်လ ၁၂ရက်

တအာင်းပြည်သတင်း


တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA၏ အပတ်စဉ် (၆၇) စစ်ရေးသင်တန်းဆင်းပွဲအခမ်းအနားကို တအာင်းပြည်တစ်နေရာတွင် ပြီးခဲ့သည့် ဇွန်လ (၆)ရက်နေ့၌ ပြုလုပ်ကျင်းပပြီးစီးခဲ့ပါသည်။


အဆိုပါသင်တန်းဆင်းပွဲကို စစ်ဦးစီးချုပ် ဗိုလ်ချုပ်တားဟိူဝ်ပ္လါင်မှ ဘက်စုံတိုက်ခိုက်ရေးသင်တန်းပေးခြင်းသည် မိမိတို့ တအာင်းပြည်ကို ကာကွယ်သွားကြရန်၊ ရဲဘော်များသည် လူကြီးများ၏ အလုပ်တာဝန်ကို ပုခုံးလွှဲပြောင်း ထမ်းဆောင်နိုင်ရမည်ဖြစ်သလို သင်တန်းအတွင်း ဆရာ/မများသင်ကြားပေးသည့် ပညာကို မမေ့ကြရန်၊ အမိန့်နာခံတတ်ရန်နှင့်ရန်သူကို အမြဲတစေ သတိထားရှိရန်လိုအပ်ကြောင်း တက်‌ရောက်အမှာစကားပြောကြားခဲ့ပါသည်။ 


ထိုနောက်တွင် သင်တန်းတက်ရောက်သင်ကြားပြီးမြောက်သွားသည့် သင် တန်းသား/သူများအနေဖြင့် မိမိတို့ PSLF/TNLA အုပ်ချုပ်ထားသည့် မြို့ နယ်များနှင့် ပြည်သူလူထုများကို ကာကွယ်ပေးရာတွင် မိမိတစ်ဦးချင်း၏ တာဝန်ဖြစ်ကြောင်း ဗိုလ်ချုပ်တားဟိူဝ်ပ္လါင်မှ ထပ်မံပြောကြားခဲ့သည်။


အပတ်စဥ် (၆၇) စစ်ရေးသင်တန်းဆင်းပွဲတွင် အမှတ်စဥ် (က)နှင့် (ခ)ခွဲကာ ဖွင့်လှစ်နိုင်ခဲ့ပြီး သင်တန်းကာလအတွင်း တိုက်ခိုက်ရေးကျွမ်းကျင်မှုအဆင့်ရှိစေရန် အဓိကသင်ကြားပေးကာ သင်တန်းကာလ (၃)လကျော်ကြာ သင်ကြားပေးခဲ့ပါသည်။  ထိုသင်တန်းတွင် အမျိုးသား (၆၅၇)ဦးနှင့် အမျိုးသမီး (၁၆၅)ဦးအပါအဝင် စုစုပေါင်း (၈၂၂)ဦးတို့ ရှိကြသည်။


တအာင်းတပ်မတော် TNLA၏ စစ်ရေးသင်တန်းအတွင်း သေနတ်ပစ်ထူးချွန်ဆု၊ သေနတ်တပ်ဆင်ဖြုတ် ထူးချွန်ဆုနှင့် အထူးတိုက်ခိုက်ရေး ထူးချွန်ဆုရရှိသည့်သူများကိုလည်း ဆုချီးမြှင့်ပေးအပ်ခဲ့ပါသည်။  ၎င်းတို့ကိုလည်း တအာင်းပြည်ရှိ မြို့နယ်အသီးသီးတွင် တာဝန်ထမ်းဆောင်သွားရမည်ဖြစ်ပါသည်။ 


ထိုသင်တန်းဆင်းပွဲကို ဗိုလ်ချုပ် တားဟိူဝ်ပ္လါင်၊ ဗိုလ်မှူးချုပ် တားနောရိူန်း၊ ဒုဗိုလ်မှူးကြီး တားအတီ၊ ဗိုလ်မှူး ယာထွေး၊ ဗိုလ်မှူး တားအခယ်နှင့် သင်တန်းသူ/သားများအပြင် ရပ်မိရပ်ဖများအပါအဝင် စုစုပေါင်းလူဦးရေ (၉၀၀) ကျော်တတ်ရောက်ခဲ့ကြသည်။ ပြီးခဲ့သည့် ၂၀၂၄ခုနှစ် နိုဝင်ဘာ(၉)ရက်နေ့လည်း တအာင်းတပ်မတော် TNLA၏ အပတ်စဥ် (၆၆) စစ်ရေးသင်တန်းဆင်းပွဲ ပြုလုပ်ခဲ့ပါသည်။ 


#PSLF/TNLA

#သတင်းနှင့်ပြန်ကြားရေးဌာန

Topics: တအာင်းတပ်မတော် TNLA၏ အပတ်စဉ် (၆၇)စစ်ရေးသင်တန်းဆင်းပွဲ အခမ်းအနား ပြုလုပ်ကျင်းပ
Tags: တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် တအာင်းနိုင်ငံရေး တအာင်းပြည် တအာင်းသတင်း ညီနောင်မဟာမိတ်သုံးဖွဲ့ တအာင်းပြည်အစိုးရ

မှတ်ချက်များ
သင်၏ ထင်မြင်ချက်