မန်လီကျေးရွာတွင် စစ်ကောင်စီတပ်မှ ဂျက်ဖိုက်တာဖြင့် ပေါင်(၅၀၀)ဗုံး (၂)လုံး လာရောက်ကြဲချတိုက်ခိုက်
နမ္မတူ၊ ဇွန်လ ၁၂ရက်
တအာင်းပြည်သတင်း
တအာင်းပြည်၊ တပ်မဟာ (၈)နယ်မြေ၊ နမ္မတူမြို့နယ် မန်လီကျေးရွာတွင် စစ်ကောင်စီတပ်သည် ပြည်သူ လူထုများကို ဦးတည်၍ ဂျက်ဖိုက်တာဖြင့် ပေါင် (၅၀၀)ဗုံး (၂)လုံး လာရောက်ကြဲချတိုက်ခိုက်ခဲ့သည်။
ယနေ့ နံနက်အစောပိုင်း (၁း၁၀)နာရီအ ချိန်တွင် (၁)ကြိမ်၊ နံနက် (၁း၁၇)နာရီအချိန်တွင် (၁)ကြိမ် စုစုပေါင်း (၂)ကြိမ် ဗုံးကြဲချခဲ့ပြီး ဘုန်းကြီးကျောင်း၊ စာသင် ကျောင်းနှင့် ပြည်သူလူထုများ၏ နေအိမ်တချို့ ထိခိုက်ပျက်စီးသွားခဲ့သည်။
အဆိုပါ ကျေးရွာကို စစ်ကောင်စီတပ် သည် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ပြည်သူ လူထုများကို ရည်ရွယ်ချက်ရှိရှိ ဦးတည်ပြီး ဗုံးများလာရောက်ကြဲချတိုက်ခိုက်ခြင်းဖြစ်ပါသည်။
ထိုကြောင့် မိဘပြည်သူများအနေဖြင့် စစ်ကောင်စီတပ်၏ တိုက်ခိုက်မှုများရှောင်ရှားနိုင်ရန် စစ်ရေးသတိအမြဲရှိရန်လိုအပ်ပြီး လေကြောင်းရန်မှ ကာကွယ်နိုင်ရန် လေကြောင်းရန်ကာကွယ် ရေးဆိုင်ရာနည်းလမ်းများ လိုက်နားဆောင်ရွက်ရန် လိုအပ်ပါသည်။
စစ်ကောင်စီတပ်သည် ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလတွင် မန်လီကျေးရွာကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီတပ်မှ ဗုံးများလာရောက်ကြဲချမှုကြောင့် ကျောင်းဆရာမ (၁)ဦး သေဆုံးခဲ့ပါသည်။
#PSLF/TNLA
#သတင်းနှင့်ပြန်ကြားရေးဌာန
မှတ်ချက်များ