လုံဝယ်ကျေးရွာတွင် စစ်ကောင်စီတပ်၏ ပစ်ခတ်လိုက်သည့်လက်နက်ကြီးကြောင့် အမျိုးသားတစ်ဦး ထိမှန်ဒဏ်ရာရ
နောင်ချို၊ ဇွန်လ ၁၁ရက်
တအာင်းပြည်သတင်း
တအာင်းပြည်၊ တပ်မဟာ (၃)နယ်မြေ၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ်၊ လုံဝယ်ကျေးရွာတွင် စစ်ကောင်စီတပ်မှ ဟောင်ဝေဇာဖြင့် လက်နက်ကြီးပစ်ခတ်လိုက်သောကြောင့် အမျိုးသားတစ်ဦး ထိမှန်ဒဏ်ရာရရှိခဲ့ပါသည်။
ယမန်နေ့ ဇွန်လ (၁၀)ရက်နေ့ ညနေပိုင်း (၅း၃၀)နာရီအချိန်တွင် လုံဝယ်ကျေးရွာအတွင်း လက်နက်ကြီး (၂)လုံး ပစ်ခတ်တိုက်ခိုက်မှုကြောင့် အသက် (၅၂)နှစ်အရွယ် ဦးကျော်မင်းဆိုသူကို ထိမှန်ခဲ့သည်။
အဆိုပါ ဒဏ်ရာရရှိခဲ့သည့်အမျိုးသားကို တအာင်းတပ်မတော် TNLAမှ ဆေးကုသရန် ပို့ဆောင်ပေးခဲ့ပါသည်။ ထိုနောက်တွင် လုံစံကျေးရွာအတွင်းကိုလည်း စစ်ကောင်စီတပ်သည်လက်နက် ကြီး (၁)လုံး ပစ်ခတ်တိုက်ခိုက်ခဲ့ပါသည်။
ပြီးခဲ့သည့် ဇွန်လ (၄)ရက်နေ့လည်း နောင်ချိုမြို့၊စျေးရပ်ကွက်တွင်၊ စစ်ကောင်စီတပ်မှ လက်နက်ကြီးပစ်ခတ်တိုက်ခိုက်မှုကြောင့် ပြည်သူ (၄)ဦး ထိခိုက်ဒဏ်ရာရပြီး နေအိမ် (၂)လုံးနှင့် ကမ္ဘောဇကျောင်းတိုက်ဘုန်းကြီးကျောင်း (၁)ကျောင်းလည်း ထိမှန်ပျက်စီးသွားခဲ့သည်။
#PSLF/TNLA
#သတင်းနှင့်ပြန်ကြားရေးဌာန
မှတ်ချက်များ