သီပေါတွင် စစ်ကောင်စီ၏ စွန့်လွှတ်မိုင်းကြောင့် အမျိုးသမီးတစ်ဦးခြေထောက်တစ်ဖက် ဆုံးရှုံးသွား
သီပေါ၊ ဇွန် ၁၁ရက်
တအာင်းပြည်သတင်း
တအာင်းပြည်၊ တပ်မဟာ (၂) နယ်မြေ၊ သီပေါမြို့နယ်၊ စံဖိတ်ကျေးရွာတွင် အမျိုးသမီးတစ်ဦးသည် ခြံရှင်းရာတွင် စစ်ကောင်စီ၏ စွန့်လွှတ်မိုင်းကို ထိမိ၍ ပေါက်ကွဲပြီးဘယ်ဘက်ခြေထောက်တစ်ဖက် ဆုံးရှုံးသွားခဲ့သည်။
ဖြစ်စဥ်တွင် ပြီးခဲ့သည့် မေလ (၂၉)ရက်နေ့ နံနက် (၉း၀၀)နာရီအချိန်တွင် အသက် (၅၀)နှစ်အရွယ် ဒေါ်မြင့်အောင်ဆိုသူသည် ခြံအတွင်း သစ်ကိုင်များရှင်းလင်းနေချိန်မိုင်းပေါက်ကွဲမှုဖြစ်ပွားခဲ့ပါသည်။
အဆိုပါ အခင်းဖြစ်ပွားခဲ့သည့်နေရာတွင် တအာင်းပြည် မြို့နယ်ရဲတပ်ဖွဲ့နှင့် နယ်စည်းမခြားပရဟိတအဖွဲ့မှ သွားရောက်စစ်ဆေးခဲ့ပြီး ထိုအမျိုးသမီးကို ဆေးကုရန် ပို့ဆောင်ပေးခဲ့သည်။
အလားတူ ပြီးခဲ့သည့် မေလ (၂၉)ရက်နေ့လည်း နမ့်ခမ်းမြို့နယ်၊ ကောင်းဝိုင်းကျေးရွာတွင် နေထိုင်သည့်အမျိုးသားတစ်ဦးသည် မီးသွေးသွားကြည့်ရာချိန် ဟိုပေါ်အထက်ကျေးရွာအနီးတွင် မိုင်းတစ်လုံးကို နင်းမိပြီး ညာခြေထောက်တစ်ဖက်ဆုံးရှုံးသွားခဲ့သည်။
#PSLF/TNLA
#သတင်းနှင့်ပြန်ကြားရေးဌာန
မှတ်ချက်များ