334

၁၀၂၇ စစ်ဆင်ရေး အပိုင်း(၂) (၈)ရက်မြောက် နောင်ချိုမြို့နယ်တွင် တိုက်ပွဲပြင်းထန်စွာဖြစ်ပွား

သတင်း / နိုင်ငံရေး
02 July 2024

၁၀၂၇ စစ်ဆင်ရေး အပိုင်း(၂) (၈)ရက်မြောက် နောင်ချိုမြို့နယ်တွင် တိုက်ပွဲပြင်းထန်စွာဖြစ်ပွား

တအာင်းပြည်၊ ဇူလိုင် (၂)ရက်

တအာင်းပြည် တပ်မဟာ (၂) စစ်ဒေသ နောင်ချိုမြို့ ရှိ ဒုံးတပ်ရင်း (၆၀၆) တပ်စခန်းတွင် နံနက် (၁၀)နာရီမှ ညနေ (၄း၂၀)နာရီအထိ တိုက်ပွဲဖြစ်ပွားလျက်ရှိသည်။ စစ်ကောင်စီတပ်သည် ဘန့်ဘွေးရွာမှ တိုက်ပွဲဖြစ်ပွားသည့် ဒုံးတပ်ရင်း (၆၀၆) တပ်စခန်းအား လက်နက်ကြီး (၁၆)လုံး ပစ်ကူခဲ့သည်။






ထို့အပြင် လေကြောင်းပစ်ကူများပါ အသုံးပြုတိုက်ခိုက်ပြီး စစ်အင်အား (၅၀) ဦးလည်း ပြန်လည်ဖြည့်တင်မှု ပြုလုပ်နေသည်။

နောင်ချိုမြို့တိုက်ပွဲတွင် ပါဝင်သည့် စစ်ကောင်စီတပ်ဖွဲ့များမှာ စကခ(၁) လက်အောက်ခံ ခမရ(၁၁၄)၊ ခမရ (၁၁၅)နှင့် တပ်မ (၉၉) လက်အောက်ခံ ခမရ (၃၀၁)၊ ခမရ (၃၀၃)၊ ခမရ(၃၀၆)တို့ဖြစ်သည်။ ခမရ (၁၁၄)နှင့် (၁၁၅)တပ်စခန်းများ တအာင်းတပ်မတော်မှ သိမ်းပိုက်လိုက်ပြီးနောက် ကျန်ရှိသည့် တပ်ဖွဲ့ဝင်အချို့မှ (၆၀၆) ဒုံးတပ်သို့ သွားရောက်ပူးပေါင်းခဲ့သည်။

ဇူလိုင်(၁)ရက်နေ့ နောင်ချိုမြို့  (၆၀၆)ဒုံးတပ်တိုက်ပွဲနေရာတွင် စစ်ကောင်စီမှ Jet Fighter (၅)စီး၊ MI-35(၂)စီး၊ Y-12 (၁)စီးဖြင့် ပစ်ကူပေးခဲ့သည့်အပြင် Y-12 (၁)စီးဖြင့် လက်နက်ခဲယမ်းများ လာရောက်ပို့ဆောင်ပေးခဲ့သည်။







တပ်မဟာ (၂) စစ်ဒေသ ကျောက်မဲမြို့ရှိ စစ်‌ကောင်စီ ခမရ(၅၀၁)(၅၀၂) တပ်စခန်း၌ ဒီကနေ့ မနက် (၆)နာရီအချိန်တွင် တိုက်ပွဲဖြစ်ပွားခဲ့သည်။

တပ်မဟာ (၃) စစ်ဒေသ မိုးမိတ်မြို့မှ မကျီးပင် ဒေသသို့ ဒီကနေ့ နံနက် (၁၁း၂၅)အချိန်တွင် စစ်ကောင်စီဘက်မှ (၁၂၀) မမ လက်နက်ကြီးများဖြစ်ပစ်ခတ်ခဲ့သည်။ ဇူလိုင် (၁)ရက်နေ့တွင် မိုးမိတ်မြို့ တပ်စခန်းနှင့် ပလက်တီနမ်ဟိုတယ်အနီး တပ်စွဲထားသည့်စစ်ကောင်စီတပ်မှ ညောင်နီနှင့် သရက်ချိုရွာဘက်သို့ (၁၂၀)မမနှင့် (၄၅)မမ လက်နက်ကြီး (၇)လုံးပစ်ခတ်ခဲ့သည်။


#PSLF/TNLA
#သတင်းနှင့်ပြန်ကြားရေးဌာန

Topics: ၁၀၂၇ စစ်ဆင်ရေး အပိုင်း(၂) (၈)ရက်မြောက် နောင်ချိုမြို့နယ်တွင် တိုက်ပွဲပြင်းထန်စွာဖြစ်ပွား
Tags: တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် တအာင်းနိုင်ငံရေး တအာင်းပြည် တအာင်းသတင်း ညီနောင်မဟာမိတ်သုံးဖွဲ့ တအာင်းပြည်အစိုးရ

မှတ်ချက်များ
သင်၏ ထင်မြင်ချက်