332

၁၀၂၇ စစ်ဆင်ရေး (၇)ရက်မြောက် မိုးကုတ်မြို့ အနောက်ပိုင်းတွင် လက်နက်ခဲယမ်းများနှင့်အတူ စစ်သုံ့ပန်း (၁၅)ဦး ဖမ်းဆီးရမိ

သတင်း / နိုင်ငံရေး
01 July 2024

၁၀၂၇ စစ်ဆင်ရေး (၇)ရက်မြောက် မိုးကုတ်မြို့ အနောက်ပိုင်းတွင် လက်နက်ခဲယမ်းများနှင့်အတူ စစ်သုံ့ပန်း (၁၅)ဦး ဖမ်းဆီးရမိ


တအာင်းပြည်၊ ဇူလိုင်လ (၁)ရက်


တအာင်းပြည် တပ်မဟာ (၂) စစ်ဒေသ မိုးကုတ်မြို့နယ် တအာင်းတပ်မတော် TNLA၊ PDF (မိုးကုတ်ဗျူဟာ)၊ PDF(513)တို့ ပူးပေါင်းတိုက်ခိုက်ရာတွင် တစ်ပတ်အတွင်း စစ်ကောင်စီထံမှ လက်နက် (၄၃)လက်သိမ်းရမိပြီး ရဲ(၂)ဦးအပါအဝင် စစ်သုံ့ပန်း (၁၅)ဦး ဖမ်းဆီးရမိထားသည်။





သိမ်းဆည်းရမိသည့် လက်နက်များမှာ MA1(၁)လက်၊ MA 2 (၃)လက်၊ MA 3(၅)လက်၊ MA10(၂)လက်၊ MA11(၃)လက်၊ MA16(၁)လက်၊ MG-64(၁)လက်၊ 60mm (၂) လက်၊ 81mm(၁)လက်၊ RPG-7(၂) လက်၊ G3 (၉)လက်နှင့် အခြားစစ်အသုံးအဆောင်ပစ္စည်းများအား သိမ်းဆည်းရမိထားသည်။


တပ်မဟာ (၂) စစ်ဒေသ နောင်ချိုမြို့ စစ်ကောင်စီတပ် စကခ(၁)၊ ခမရ(၁၁၄)(၁၁၅)နှင့် ဒုံးတပ်ရင်း (၆၀၆)တပ်စခန်းအား တအာင်းတပ်မတော် TNLA, DPLA, MDY-PDF တို့ ဒီကနေ့မနက် (၄း၁၀)နာရီအချိန်တွင် ပူးပေါင်းတိုက်ခိုက်သည်။


တပ်မဟာ(၃) စစ်ဒေသ မိုးမိတ်မြို့နယ် ညောင်နီကျေးရွာအနီး တအာင်းတပ်မတော် TNLA နှင့် စစ်ကောင်စီတို့ တိုက်ခိုက်လျက်ရှိသည်။ 


#PSLF/TNLA

#သတင်းနှင့်ပြန်ကြားရေးဌာန

Topics: ၁၀၂၇ စစ်ဆင်ရေး (၇)ရက်မြောက် မိုးကုတ်မြို့ အနောက်ပိုင်းတွင် လက်နက်ခဲယမ်းများနှင့်အတူ စစ်သုံ့ပန်း (၁၅)ဦး ဖမ်းဆီးရမိ
Tags: တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် တအာင်းနိုင်ငံရေး တအာင်းပြည် တအာင်းသတင်း ညီနောင်မဟာမိတ်သုံးဖွဲ့ တအာင်းပြည်အစိုးရ

မှတ်ချက်များ
သင်၏ ထင်မြင်ချက်