328

၁၀၂၇ စစ်ဆင်ရေးအပိုင်း(၂) (၆)ရက်မြောက် ညနေ (၇)နာရီအထိ နောက်ဆုံးရ တိုက်ပွဲသတင်းအချုပ်

သတင်း / နိုင်ငံရေး
30 June 2024

၁၀၂၇ စစ်ဆင်ရေးအပိုင်း(၂) (၆)ရက်မြောက် ညနေ (၇)နာရီအထိ နောက်ဆုံးရ တိုက်ပွဲသတင်းအချုပ်

တအာင်းပြည်၊ ဇွန်လ (၃၀)ရက်

တအာင်းပြည် တပ်မဟာ (၂) စစ်ဒေသ မိုးကုတ်မြို့ စစ်ကောင်စီ၏ ရွှေမျက်ဝန်းတပ်စခန်းအား တအာင်းတပ်မတော် TNLA မှ နံနက် (၅)နာရီအချိန်၌ စတင်တိုက်ခိုက်ပြီး ညနေ (၄)နာရီအချိန်တွင် သိမ်းပိုက်နိုင်ခဲ့သည်။ ထို့အပြင် ရွှေလိပ်ပြာစခန်းတွင်လည်း စစ်ကောင်စီဘက်မှ ထိုးစစ်ဆင်လာခြင်းကြောင့် တိုက်ပွဲဖြစ်ပွားခဲ့သည်။





မိုးကုတ်မြို့နယ် ရွှေသာယာ၌ ညနေ (၂း၂၅)နာရီမှ (၄း၃၀)နာရီအထိ တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီတပ်မှ (၆၀)မမ လက်နက်ကြီးများ(၁၄)လုံး အသုံးပြု တိုက်ခိုက်သည်။  မိုးကုတ်မြို့နယ်တွင် တအာင်းတပ်မတော် TNLA, PDF(မိုးကုတ်ဗျူဟာ)၊ PDF(513)နှင့် မိုးကုတ် ပကဖ ပူးပေါင်းတပ်တို့ စစ်ကောင်စီတပ်များအား တိုက်ခိုက်ခဲ့သည်။







တပ်မဟာ (၃)စစ်ဒေသ မိုးမိတ်မြို့ နယ်တွင် တအာင်းတပ်မတော် TNLA, PLA, PDF ပူးပေါင်းတပ်တို့  ည(၇း၅၃)အချိန်တွင် စစ်ကောင်စီ၏ ကင်းချောင်စခန်းအား တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့သည်။





တပ်မဟာ (၂) စစ်ဒေသ နောင်ချိုမြို့ ကောင်းတပ် ခမရ (၆၀၆)တပ်စခန်းအား တအာင်းတပ်မတော် TNLA, DPLA, MDY-PDF တို့ ဒီကနေ့ ညနေ (၄း၁၄)အချိန်တွင် ပူးပေါင်းတိုက်ခိုက်ခဲ့သည်။ ဇွန်လ(၂၉) ရက်တွင် နောင်ချိုမြို့ စစ်ကောင်စီတပ်ရင်း (၆၀၆)တပ်စခန်းတွင် ည(၁၀း၂၅)အချိန်၌ စစ်ကောင်စီဘက်မှ MI-35 ဖြင့် ဗုံး(၂)လုံးလာရောက်ကြဲချခဲ့သည်။


#PSLF/TNLA
#သတင်းနှင့်ပြန်ကြားရေးဌာန

Topics: ၁၀၂၇ စစ်ဆင်ရေးအပိုင်း(၂) (၆)ရက်မြောက် ညနေ (၇)နာရီအထိ နောက်ဆုံးရ တိုက်ပွဲသတင်းအချုပ်
Tags: တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် တအာင်းနိုင်ငံရေး တအာင်းပြည် တအာင်းသတင်း ညီနောင်မဟာမိတ်သုံးဖွဲ့ တအာင်းပြည်အစိုးရ

မှတ်ချက်များ
သင်၏ ထင်မြင်ချက်