325

၁၀၂၇ စစ်ဆင်ရေး အပိုင်း(၂) (၅)ရက်မြောက်တိုက်ပွဲတွင် စစ်ကောင်စီ တပ်စခန်းနှင့် လက်နက်ခဲယမ်းများထပ်မံသိမ်းဆည်းရမိ

သတင်း / နိုင်ငံရေး
29 June 2024

၁၀၂၇ စစ်ဆင်ရေး အပိုင်း(၂) (၅)ရက်မြောက်တိုက်ပွဲတွင် စစ်ကောင်စီ တပ်စခန်းနှင့် လက်နက်ခဲယမ်းများထပ်မံသိမ်းဆည်းရမိ

တအာင်းပြည်၊ ဇွန်လ (၂၉)ရက်


တအာင်းပြည် တပ်မဟာ (၂) စစ်ဒေသ နောင်ချိုမြို့ ခမရ(၁၁၄)တပ်စခန်းနှင့် မိုးကုတ်မြို့ အောင်သာယာတပ်စခန်းတို့အား သိမ်းပိုက်ရာတွင် စစ်ကောင်စီလက်နက်များ သိမ်းပိုက်ရရှိခဲ့သည်။


၁။ တပ်မဟာ (၂) စစ်ဒေသ မိုးကုတ်မြို့နှင့် နောင်ချိုမြို့ ခမရ (၁၄၄) တပ်စခန်းအား တိုက်ခိုက်သိမ်းပိုက်ရာတွင် စစ်ကောင်စီလက်နက်များဖြစ်သည့် ပစ္စတို(၈)လက်၊ MA-1(၈)လက်၊ MA-2 (၃)လက် MA-3 (၃)၊ G3(၂)လက်၊ ရိုက်ဖယ်သေနတ် (၁၅)လက်၊ ကာဘိုင်သေနတ် (၁၀)လက်၊ MA-15 ငါးဂျင်းမီး (၃)လက်၊ M79 (၁)၊ RPG (၁)လက်၊ ကွန်မန်ဒိုစိန်ပြောင်း (၄)လက်၊ 12MM (၁)လက်၊ 81MM(၂)လက်၊ 81MM နောက်ပွင့် (၁)လက်၊ 60MM (၂)လက်၊ ဂျမ်ဘာ (၂)ခု၊ ဗုံးများ၊ မိုင်းများနှင့် စကားပြောစက်များ သိမ်းဆည်းရမိထားသည်။





၂။ တပ်မဟာ (၂)စစ်ဒေသ မိုးကုတ်မြို့အရှေ့ပိုင်း စစ်ကောင်စီ၏ အောင်သာယာနှင့် အာကာမိုး တပ်စခန်းအား ညနေ (၃း၅၅)အချိန်တွင် တအာင်းတပ်မတော်TNLA မှ တိုက်ခိုက်သိမ်းပိုက်ရာတွင် စစ်ကောင်စီအလောင်း(၁၀)လောင်း နှင့် လက်နက်ခဲယမ်းမျိုးစုံ သိမ်းဆည်းရမိထားသည်။





၃။ တပ်မဟာ (၃) စစ်ဒေသ ဒီကနေ့ နံနက်​(၅း၂၀)အချိန်တွင်မိုးမိတ်မြို့ ရွှေဆာလီရွာ၌လည်းကောင်း၊ နံနက် (၅)နာရီမှ (၂း၂၅)အချိန် လွယ်ဝိန်းရွာရှိ စစ်ကောင်စီတပ် စကခ(၂၁)၊ ခလရ(၂၂၃)တပ်စခန်းနေရာ၌လည်းကောင်း၊ နံနက် (၇း၂၅)အချိန် လယ်ကြီးရှိ စစ်ကောင်စီ စကာ(၂၁)တပ်စခန်း၊ ခမရ(၃၄၈)တပ်စခန်း၌လည်းကောင်း တိုက်ပွဲဖြစ်ပွားခဲ့သည်။





၄။ ဇွန်လ (၂၉)ရက် နံနက် (၄း၄၀) အချိန်၊ တပ်မဟာ (၂) စစ်ဒေသ နောင်ချိုမြို့  စစ်ကောင်စီတပ် ခမရ(၆၀၆)စခန်းကုန်းအား တအာင်းတပ်မတော် TNLA မှ တိုက်ခိုက်ခဲ့သည်။ နံနက် (၇)နာရီအချိန်တွင် နောင်ချိုမြို့နယ် ရှုခင်းသာရှိ ခလရ(၁၄၆) တပ်စခန်းအား သိမ်းပိုက်နိုင်ခဲ့သည်။



#PSLF/TNLA
#သတင်းနှင့်ပြန်ကြားရေးဌာန

Topics: ၁၀၂၇ စစ်ဆင်ရေး အပိုင်း(၂) (၅)ရက်မြောက်တိုက်ပွဲတွင် စစ်ကောင်စီ တပ်စခန်းနှင့် လက်နက်ခဲယမ်းများထပ်မံသိမ်းဆည်းရမိ
Tags: တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် တအာင်းနိုင်ငံရေး တအာင်းပြည် တအာင်းသတင်း ညီနောင်မဟာမိတ်သုံးဖွဲ့ တအာင်းပြည်အစိုးရ

မှတ်ချက်များ
သင်၏ ထင်မြင်ချက်