324

၁၀၂၇ စစ်ဆင်ရေး အပိုင်း(၂) (၅)ရက်အတွင်း စစ်ကောင်စီတပ် ဗိုလ်မှူးမှ တပ်သားအဆင့် တပ်ဖွဲ့ဝင် (၅၃) ဦး တအာင်းတပ်မတော်ထံ လက်နက်ချ အလင်းဝင်ခဲ့

သတင်း / နိုင်ငံရေး
29 June 2024

၁၀၂၇ စစ်ဆင်ရေး အပိုင်း(၂) (၅)ရက်အတွင်း စစ်ကောင်စီတပ် ဗိုလ်မှူးမှ တပ်သားအဆင့် တပ်ဖွဲ့ဝင် (၅၃) ဦး တအာင်းတပ်မတော်ထံ လက်နက်ချ အလင်းဝင်ခဲ့

တအာင်းပြည်၊ ဇွန်လ (၂၉)ရက်

တအာင်းပြည် တပ်မဟာ(၂)စစ်ဒေသ နောင်ချို၊ ကျောက်မဲ၊ သီပေါ၊ မိုးကုတ် နှင့် တပ်မဟာ (၃) စစ်ဒေသ မိုးမိတ်မြို့နယ်တို့တွင် ၁၀၂၇ စစ်ဆင်ရေးအပိုင်း(၂) ဇွန်လ(၂၅)ရက်တွင်စတင်ပြီး ဇွန်လ (၂၉)ရက်အထိ စစ်ဆင်ရေး (၅)ရက်အတွင်း စစ်ကောင်စီတပ်ဖွဲ့ ဗိုလ်မှူးအဆင့်မှ တပ်သားအဆင့် တပ်ဖွဲ့ဝင် (၅၃)ဦးလက်နက်ချအလင်းဝင်ခဲ့သည်။



(၅)ရက်သာတိုက်ပွဲအတွင်း စစ်ကောင်စီတပ်မှ ဗိုလ်မှူးတစ်ဦးအပါအဝင် ဗိုလ်ကြီး (၄)ဦး၊ ရဲအုပ် (၁)ဦး၊ တပ်ကြပ်ကြီး(၆)ဦး၊ ရဲတပ်ကြပ်(ယာဉ်ထိန်း)(၁)ဦး၊ တပ်ကြပ် (၁၁)ဦး၊ ဒုတပ်ကြပ်(၉)ဦး၊ ရဲတပ်သား(၁)ဦးနှင့် တပ်သား(၁၉)ဦး တပ်ဖွဲ့ဝင် (၅၃)ဦးတို့ တအာင်းတပ်မတော်ထံ လက်နက်ချ အလင်းဝင်ခဲ့သည်။




ဇွန်လ (၂၆)ရက်နေ့တွင်လည်း နောင်ချိုမြို့ ကံ့ကော်တပ်စခန်းနှင့် အခြားတပ်စခန်းမှ လက်နက်မျိုးစုံ (၅၀)ကျော် သိမ်းဆည်းရမိထားပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် (၁၇)ဦးလည်း တအာင်းတပ်မတော် TNLA ထံ လက်နက်ချ အလင်းဝင်ခဲ့သည်။

#PSLF/TNLA
#သတင်းနှင့်ပြန်ကြားရေးဌာန

Topics: ၁၀၂၇ စစ်ဆင်ရေး အပိုင်း(၂) (၅)ရက်အတွင်း စစ်ကောင်စီတပ် ဗိုလ်မှူးမှ တပ်သားအဆင့် တပ်ဖွဲ့ဝင် (၅၃) ဦး တအာင်းတပ်မတော်ထံ လက်နက်ချ အလင်းဝင်ခဲ့
Tags: တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် တအာင်းနိုင်ငံရေး တအာင်းပြည် တအာင်းသတင်း ညီနောင်မဟာမိတ်သုံးဖွဲ့ တအာင်းပြည်အစိုးရ

မှတ်ချက်များ
သင်၏ ထင်မြင်ချက်