322

ဇွန်လ (၂၉)ရက် နေ့လည်ခင်းအထိ ရရှိသည့်တိုက်ပွဲသတင်း အကျဉ်းချုပ်

သတင်း / နိုင်ငံရေး
29 June 2024

ဇွန်လ (၂၉)ရက် နေ့လည်ခင်းအထိ ရရှိသည့်တိုက်ပွဲသတင်း  အကျဉ်းချုပ်

၁၀၂၇ စစ်ဆင်ရေး အပိုင်း(၂)၊ တအာင်းပြည်၊ ဇွန်လ (၂၉)

၁။ တအာင်းပြည်၊ တပ်မဟာ (၃) စစ်ဒေသ မိုးမိတ်မြို့နယ် ရွှေဆာလီကျေးရွာတွင် တအာင်းတပ်မတော် TNLA နှင့် စစ်ကောင်စီတို့ နံနက် (၅း၂၀)အချိန်တွင် တိုက်ပွဲဖြစ်ပွားခဲ့သည်။




၂။ ဇွန်လ (၂၈)ရက် ညနေ (၇း၄၅)အချိန်တွင် ကျောက်မဲမြို့ အင်ဂျင်းတောင်ရပ်တွင် စစ်ကောင်စီမှ ပေါင် (၅၀၀)ဗုံးဖြင့် တစ်ကြိမ်၊ ည(၁၂း၄၅)အချိန်တွင် ကျောက်မဲမြို့နယ် တော့ဆန်ရွာတွင် စစ်ကောင်စီမှ ဂျက်ဖိုက်တာဖြင့် ဗုံး(၃)လုံးကြဲချပြီး ရပ်ရွာအား ပစ်မှတ်ထားတိုက်ခိုက်ရာ အရပ်သားပြည်သူ(၁)ဦး ထိခိုက်ဒဏ်ရာရခဲ့သည်။ 

၃။ မိုးမိတ်မြို့နယ်၊ လွယ်ဝိန်းတောင်ရှိ စကခ(၂၁)၊ ခလရ(၂၂၃)တပ်စခန်းတွင်
နံနက် (၅)နာရီအချိန် TNLA နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွားဖြစ်ပွားခဲ့သည်။
ထိုအတူ (၇း၂၅)နာရီအချိန်တွင် မိုးမိတ်မြို့နယ်၊ လယ်ကြီးရှိ စစ်ကောင်စီတပ် စကခ(၂၁)၊ ခမရ(၃၄၈)တပ်စခန်းတွင် TNLA နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွားဖြစ်ပွားခဲ့သည်။

၄။ နောင်ချိုမြို့ ၊ စစ်ကောင်စီတပ် ခမရ(၆၀၆)စခန်းတွင် နံနက် (၄း၄၀)အချိန် TNLA နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွားဖြစ်ပွားခဲ့သည်။ ထို့အတူ နံနက် (၇)နာရီအချိန်တွင် နောင်ချိုမြို့နယ်၊ ရှုခင်းသာရှိ ခလရ(၁၄၆) တပ်စခန်းတွင် တိုက်ပွဲဖြစ်ပွားရာ စစ်ကောင်စီ အလောင်း(၁၀)လောင်း နှင့် လက်နက်ခဲယမ်းမျိုးစုံ သိမ်းဆည်းရမိထားသည်။

#PSLF/TNLA
#သတင်းနှင့်ပြန်ကြားရေးဌာန

Topics: ဇွန်လ (၂၉)ရက် နေ့လည်ခင်းအထိ ရရှိသည့်တိုက်ပွဲသတင်း အကျဉ်းချုပ်
Tags: တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် တအာင်းနိုင်ငံရေး တအာင်းပြည် တအာင်းသတင်း ညီနောင်မဟာမိတ်သုံးဖွဲ့ တအာင်းပြည်အစိုးရ

မှတ်ချက်များ
သင်၏ ထင်မြင်ချက်