315

၁၀၂၇ စစ်ဆင်ရေး အပိုင်း(၂) (၄)ရက်မြောက် တအာင်းပြည် စစ်ရေးသတင်းအကျဉ်း

သတင်း / နိုင်ငံရေး
28 June 2024

၁၀၂၇ စစ်ဆင်ရေး အပိုင်း(၂) (၄)ရက်မြောက် တအာင်းပြည် စစ်ရေးသတင်းအကျဉ်း

ဇွန်လ (၂၈) ရက်၊ တအာင်းပြည်သတင်း

ဇွန်လ (၂၈)ရက် ညနေ(၇)နာရီအထိ နောက်ဆုံးရ တအာင်းပြည် နောင်ချို၊ ကျောက်မဲ၊ သီပေါ၊ မိုးမိတ်၊ မိုးကုတ်စသည့်မြို့နယ်များတွင် တိုက်ပွဲဆက်လက်ဖြစ်ပွားလျက်ရှိသည်။





၁။ တအာင်းပြည် တပ်မဟာ (၂)စစ်ဒေသ ဇွန်လ (၂၈) ညနေ(၄း၁၄)တွင် ကျောက်မဲမြို့နယ် ဂုတ်တွင်း၌ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA နှင့် စစ်ကောင်စီတပ် စကခ (၁)၊ ခမရ (၁၁၄)တို့ တိုက်ပွဲဖြစ်ပွားလျက်ရှိသည်။





၂။ ဇွန်လ (၂၆)ရက်နေ့တွင် တအာင်းတပ်မတော်မှ သိမ်းရရှိထားသည့် နောင်ချိုမြို့စစ်ကောင်စီ၏ ခမရ (၁၁၅) တပ်စခန်းရှိ လက်နက်ခဲယမ်းမျိုးစုံကိုပါ သိမ်းဆည်းရမိထားပါသည်။ နောင်ချိုမြို့တွင် စစ်ကောင်စီ၏ ခမရ(၆၀၆) တပ်စခန်းတစ်ခုသာကျန်ရှိပြီး အဆိုပါစခန်းအား တအာင်းတပ်မတော် TNLA၊ MDY-PDF နှင့် ဓနုပြည်သူ့လွတ်မြောက်ရေးတပ်မတော် (DPLA) ပူးပေါင်းတပ်ဖွဲ့တို့ ဒီကနေ့ ညနေ (၃း၅၀)အချိန်ထိ ဆက်လက် ထိုးစစ်ဆင်တိုက်ခိုက်နေဆဲဖြစ်ပြီး မနက် (၆း၀၅)နာရီအချိန်မှ (၆း၂၅) နာရီအထိ စစ်ကောင်စီတပ်မှ ဂျတ်ဖိုက်တာဖြင့် (၄)ကြိမ် လာရောက်ဗုံးကြဲတိုက်ခိုက်သည်။





၃။ ဇွန်လ (၂၇) ည (၉)နာရီအချိန်တွင် တအာင်းတပ်မတော် TNLA နှင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များမှ နောင်ချိုမြို့ စစ်ကောင်စီ ခမရ (၁၁၄) တပ်စခန်းအား တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့သည်။





၄။ ဇွန်လ(၂၈) မနက် (၇း၅၄)နာရီအချိန်တွင် ကျောက်မဲမြို့ စစ်ကောင်စီ၏ ခမရ (၅၀၁)၊ ခမရ(၅၀၂) တပ်စခန်းအား တအာင်းတပ်မတော် TNLAနှင့် MDY-PDF ပူးပေါင်းတပ်ဖွဲ့မှ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့သည်။ ကျောက်မဲမြို့နယ် နောင်ပြစ်ရွာလမ်းခွဲရှိ စစ်ကောင်စီတပ်စခန်းအား ဇွန်လ (၂၇)ရက်နေ့တွင် တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့သည်။


#PSLF/TNLA
#သတင်းနှင့်ပြန်ကြားရေးဌာန

Topics: ၁၀၂၇ စစ်ဆင်ရေး အပိုင်း(၂) (၄)ရက်မြောက် တအာင်းပြည် စစ်ရေးသတင်းအကျဉ်း
Tags: တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် တအာင်းနိုင်ငံရေး တအာင်းပြည် တအာင်းသတင်း ညီနောင်မဟာမိတ်သုံးဖွဲ့ တအာင်းပြည်အစိုးရ

မှတ်ချက်များ
သင်၏ ထင်မြင်ချက်