314

နောင်ချိုမြို့ စစ်ကောင်စီ၏ ခမရ (၁၁၅)တပ်စခန်းတိုက်ခိုက်သိမ်းပိုက်ရာတွင် စစ်ကောင်စီလက်နက်ခဲယမ်း (၃၈၀)ကျော်သိမ်းဆည်းရမိ

သတင်း / နိုင်ငံရေး
28 June 2024

နောင်ချိုမြို့ စစ်ကောင်စီ၏ ခမရ (၁၁၅)တပ်စခန်းတိုက်ခိုက်သိမ်းပိုက်ရာတွင် စစ်ကောင်စီလက်နက်ခဲယမ်း (၃၈၀)ကျော်သိမ်းဆည်းရမိ

 

နောင်ချို၊​ ဇွန်လ (၂၈)ရက်၊ တအာင်းပြည်သတင်း

၁၀၂၇ စစ်ဆင်ရေး အပိုင်း (၂)

 

၁။ တအာင်းပြည် တပ်မဟာ (၂) စစ်ဒေသ နောင်ချိုမြို့ စစ်ကောင်စီ၏ (၁၁၅)တပ်စခန်းအား တအာင်းတပ်မတော် TNLA နှင့် MDY-PDF ပူးပေါင်းတပ်ဖွဲ့တို့ တိုက်ခိုက်သိမ်းပိုက်ရာ စခန်းအတွင်း စစ်ကောင်စီလက်နက်မျိုးစုံ (၃၅၀) ကျော် သိမ်းပိုက်ရရှိထားသည်။

 



သိမ်းပိုက်ရရှိထားသည့် လက်နက်များမှာ

MA-1(၂၄)လက်၊  MA-2(၁၃)လက်၊ MA-3(၃၆)လက်၊  MA-4(၃)လက်၊  M22(၁)လက်၊ G3(၁၀)လက်၊

ရိုင်ဖယ်သေနတ် (၁၀၃)လက်၊ ကာဘိုင်သေနတ် (၁၅၉)လက် (စသည့်ချေမှုန်းရေးလက်နက် စုစုပေါင်း = ၃၄၉ လက်)

စက်လက်အသေး(၁၁)လက်၊ MA-15(ငါးဂျင်းမီး) (၁)လက်၊ 0.5 (၁)လက်၊ M79 (၁)လက်၊ (၈၁)မမ(၁)လက်၊ (၈၁)မမ(နောက်ပွင့်)(၂)လက်၊ RPG-7 (၄)လက်၊ (၆၀)မမ (၂)လက်၊ ပြောင်းသေး(၆၀)မမ (၁၀)လက်

 




လက်နက်ငယ် ကျည်အမျိုးမျိုး ၅၀,၀၀၀ ကျော်

RPG, 60/80 mm ကျည်အမျိုးမျိုး ၅၀၀ ကျော်

ဗုံးသီး၊ မိုင်းနှင့် စကားပြောစက်များ သိမ်းဆည်းရမိသည်။

 






၂။ ဇွန်လ (၂၆)ရက်နေ့ နောင်ချိုမြို့ ကံ့ကော်တပ်စခန်းနှင့် အခြားတပ်စခန်းမှ လက်နက်မျိုးစုံ (၅၀)ကျော်ကိုလည်း သိမ်းဆည်းရမိထားသည့်အပြင် လက်နက်ချအလင်းဝင်သည့် စစ်ကောင်စီတပ်ဖွဲ့ဝင် (၁၇)ဦးနှင့်အတူ လက်နက်မျိုးစုံ (၅၀)ကျော်ပါ သိမ်းဆည်းရမိထားသည်။

 

#PSLF/TNLA

#သတင်းနှင့်ပြန်ကြားရေးဌာန

Topics: နောင်ချိုမြို့ စစ်ကောင်စီ၏ ခမရ (၁၁၅)တပ်စခန်းတိုက်ခိုက်သိမ်းပိုက်ရာတွင် စစ်ကောင်စီလက်နက်ခဲယမ်း (၃၈၀)ကျော်သိမ်းဆည်းရမိ
Tags: တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် တအာင်းနိုင်ငံရေး တအာင်းပြည် တအာင်းပြည်အစိုးရ

မှတ်ချက်များ
သင်၏ ထင်မြင်ချက်