311

တအာင်းပြည်အတွင်း ၁၀၂၇ စစ်ဆင်ရေး အပိုင်း(၂) တတိယရက်တွင် မြို့နယ် (၅)ခုတွင် တိုက်ပွဲဆက်လက်ပြင်းထန်၊ တိုက်ပွဲသတင်းအချုပ်

သတင်း / နိုင်ငံရေး
27 June 2024

တအာင်းပြည်အတွင်း ၁၀၂၇ စစ်ဆင်ရေး အပိုင်း(၂) တတိယရက်တွင် မြို့နယ် (၅)ခုတွင် တိုက်ပွဲဆက်လက်ပြင်းထန်၊ တိုက်ပွဲသတင်းအချုပ်

 

ဇွန်လ (၂၇)ရက်၊ တအာင်းပြည်သတင်း

 

၁။ တအာင်းပြည် တပ်မဟာ (၂) စစ်ဒေသ မိုးကုတ်မြို့နယ် အေးစေတီတွင် တပ်စွဲထားသည့် စစ်ကောင်စီ ခလရ(၈၈)လက်အောက်ခံ လပခ၊ ခလရ- ၁၄၈တပ်စခန်းအား ဇွန်လ (၂၇)ရက်နေ့ နံနက် (၈း၃၀) အချိန်တွင် တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA မှ ထိုးစစ်ဆင် တိုက်ခိုက်ခဲ့သည်။ ထို့နောက် မိုးကုတ် ရဲစခန်းကိုလည်း တိုက်ခိုက်သိမ်းပိုက်ခဲ့သည်။

၂။ နံနက် (၅း၄၀)နာရီအချိန်၌ ကျောက်မဲမြို့ မြို့တွင် တအာင်းတပ် TNLA နှင့် MDY-PDF ပူးပေါင်းတပ်ဖွဲ့တို့ စစ်ကောင်စီတပ် စကခ(၁)၊ ခမရ(၅၀၁)၊ (၅၀၂)တပ်၊ စည်ပင်၊ ဘုန်းတော်ကြီးကျောင်းနှင့် နောင်ပြစ်စသည့်နေရာများတွင် နှစ်ဖက်ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့သည်။

 




၃။ နောင်ချိုမြို့ရှိ စစ်ကောင်စီတပ် ခမရ - ၁၁၄ တပ်စခန်းအား တအာင်းတပ် TNLA စစ်ကြောင်းမှ နံနက် (၆း၀၆)နာရီအချိန်တွင် ဝင်ရောက်တိုက်ခိုက်ခဲ့သည်။ နံနက် (၁၀)နာရီအချိန်တွင် အုမ္မခါးရွာ၌ တပ်စွဲထားသည့် စစ်ကောင်စီတပ်စခန်းအား တအာင်းတပ်မတော် TNLA မှ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့သည်။ နောင်ချို ရဲစခန်းကို သိမ်းပိုက်ချိန်တွင် မူယစ်ဆေးဝါး (ယာမဆေးပြား)များစွာ သိမ်းဆည်းရမိခဲ့သည်။

 



၄။ တိုက်ပွဲဖြစ်ပွားနေသည့် နောင်ချိုမြို့ ၌ နံနက် (၁၁း၁၄)နာရီအချိန်တွင် တအာင်းတပ်မတော်မှ ထိုးစစ်ဆင်တိုက်ခိုက်နေသည့် စစ်ကောင်စီတပ်ရင်း (၁၁၄)တပ်စခန်းအား စစ်ကောင်စီမှ Y-12 လေယာဉ်ဖြင့်သော်လည်းကောင်း (၁၁း၃၀)အချိန်တွင် ဂျတ်ဖိုက်တာဖြင့်သော်လည်းကောင်း လာရောက်ဗုံးကြဲခဲ့သည်။ တစ်ဆက်တည်းမှာပင် တအာင်းတပ်မတော် TNLA နှင့် MDY-PDF ပူးပေါင်းတပ်ဖွဲ့တို့မှ စစ်ကောင်စီတပ်ရင်း (၆၀၆)တပ်စခန်းအား နံနက် (၁၁) နာရီအချိန်တွင် တိုက်ခိုက်ခဲ့သည်။ ထိုနောက် စစ်ကောင်စီတပ်မှ Y-12 လေယာဉ်ဖြင့် (၅)ကြိမ်၊ Jet Fighter ဖြင့် (၁၈) ကြိမ် လာရောက်ဗုံးကြဲခဲ့သည်။

 



၅။ နေ့လယ် (၁၂း၄၀)နာရီအချိန်တွင် မိုးမိတ်မြို့နယ်၊ လယ်ကြီးရွာအနီးတဝိုက်တွင် တအာင်းတပ်မတော် TNLA မှ စစ်ကောင်စီတပ်ကို တိုက်ခိုက်ခဲ့သည်။

 



ယမန်နေ့တွင် ကျောက်မဲမြိုနယ်တွင် တအာင်းတပ်ထံ လက်နက်ချအလင်းဝင်လာသည့် စစ်ကောင်စီ တပ်ဖွဲဝင် (၁၇)နှင့်အတူ ၆၀မမ ( ၂) လက်၊ စလတ် (၆)လက်၊ RPG-7 (၂)လက်၊ စနိုက်ဘာ (၁) လက်၊ ပစ္စတို(၅)လက်၊ မိုင်း(၅)လုံး၊ ၆၀မမ ဗုံးသီးနှင့် RPG ဗုံးသီးများအပြင် စစ်အသုံးအဆောင်ပစ္စည်းများ၊ လက်နက်မျိုးစုံ (၅၉)မျိုးနှင့် ခဲယမ်းများစွာ သိမ်းဆည်းရမိခဲ့သည်။

 

#PSLF/TNLA

#သတင်းနှင့်ပြန်ကြားရေးဌာန

Topics: တအာင်းပြည်အတွင်း ၁၀၂၇ စစ်ဆင်ရေး အပိုင်း(၂) တတိယရက်တွင် မြို့နယ် (၅)ခုတွင် တိုက်ပွဲဆက်လက်ပြင်းထန်၊ တိုက်ပွဲသတင်းအချုပ်
Tags: တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် တအာင်းနိုင်ငံရေး ညီနောင်မဟာမိတ်သုံးဖွဲ့ တအာင်းပြည်အစိုးရ

မှတ်ချက်များ
သင်၏ ထင်မြင်ချက်