300

ကျောက်မဲတွင်တိုက်ပွဲဆက်လက်ဖြစ်ပွား

သတင်း / နိုင်ငံရေး
26 June 2024

ကျောက်မဲတွင်တိုက်ပွဲဆက်လက်ဖြစ်ပွား


ကျောက်မဲ၊ ဇွန်လ (၂၆)

တအာင်းပြည်သတင်း


တအာင်းပြည် တပ်မဟာ (၂) စစ်ဒေသ ကျောက်မဲမြို့ရှိ စစ်ကောင်စီ အမြောက်တပ်ကုန်း အမှတ် (၃၅၂) အမြောက်တပ်ရင်း နှင့် စခန်းသာတို့တွင် တိုက်ပွဲဆက်လက်ဖြစ်ပွားလျှက်ရှိပါသည်။


ဇွန်လ (၂၆)ရက် မနက် (၅း၄၇)အချိန်တွင် ကျောက်မဲမြို့ စခန်းသာကုန်း၌သော်လည်းကောင်း၊ (၆း၃၀)အချိန်တွင် အမြောက်ကုန်း၌သော်လည်းကောင်း နှစ်ဖက်ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့သည်။


တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA နှင့် စစ်ကောင်စီတပ်ဖွဲ့တို့ကြား ဇွန်လ (၂၅)ရက်နေ့တွင် တိုက်ပွဲပြင်းထန် စတင်ဖြစ်ပွားခဲ့သည်။


#PSLF/TNLA

#သတင်းနှင့်ပြန်ကြားရေးဌာန

Topics: ကျောက်မဲတွင်တိုက်ပွဲဆက်လက်ဖြစ်ပွား
Tags: တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် တအာင်းနိုင်ငံရေး တအာင်းပြည် ညီနောင်မဟာမိတ်သုံးဖွဲ့ တအာင်းပြည်အစိုးရ

မှတ်ချက်များ
သင်၏ ထင်မြင်ချက်