298

တအာင်းပြည်အတွင်း ဇွန်လ ၂၅ ရက်နေ့ တိုက်ပွဲသတင်းအချုပ်နှင့် စစ်ကောင်စီတပ်မှ လူထုအား ပစ်မှတ်ထားတိုက်ခိုက်နေမှုသတင်းများ

သတင်း / နိုင်ငံရေး
25 June 2024

တအာင်းပြည်အတွင်း ဇွန်လ ၂၅ ရက်နေ့ တိုက်ပွဲသတင်းအချုပ်နှင့် စစ်ကောင်စီတပ်မှ လူထုအား ပစ်မှတ်ထားတိုက်ခိုက်နေမှုသတင်းများ

 

တအာင်းပြည်၊ ဇွန်လ (၂၅)ရက်

၁၀၂၇ စစ်ဆင်ရေး (အဆက်)

 

(၁) တအာင်းပြည် တပ်မဟာ(၂) စစ်ဒေသ၊ နောင်ချိုမြို့နယ် ကျောက်ကြမ်းရွာ၊ အုမ္မတီး၊ ခဲမွန်ရွာ၊ ကံ့ကော်ရွာ နှင့် နောင်ချိုမြို့အတွင်း စစ်ကောင်စီတပ်နှင့် တအာင်းတပ်မတော်   PSLF/TNLA တို့ ယနေ့ ဇွန်လ ၂၅ ရက်နေ့တွင် တိုက်ပွဲဖြစ်ပွားခဲ့သည်။ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်မှ Jet Fighter ဖြင့် (၄)ကြိမ် လာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့သည်။

 

(၂) တပ်မဟာ(၂) စစ်ဒေသ၊ ကျောက်မဲမြို့နယ် ငြိမ်းချမ်းရေးကုန်း၊ စခန်းသာ၊ ခိုရောင်းရွာ၊ နားအိုက်ခန့်ရွာတွင် စစ်ကောင်စီတပ်နှင့် တအာင်းတပ်မတော်   PSLF/TNLA တို့ တိုက်ပွဲဖြစ်ပွားခဲ့သည်။ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်မှ တိုက်ပွဲဖြစ်ပွားသည့် နေရာသို့ Jet Fighter ဖြင့် (၂)ကြိမ် လာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့သည်။

 

(၃) တပ်မဟာ (၂) စစ်ဒေသ၊ မိုးကုတ်မြို့နယ် ရွာသာယာရွာ၊ ပန်းသပြေကျေးရွာ၊ ဖြူရောင်ရွာ၊ အမှိုက်ပုံးနေရာ၊ ဒေါ်နန်းကြည်တောင်နှင့် ၆ မိုင် (မိုးကုတ်နှင့် ပိန်းပြစ်ရွာကြား) စစ်ကောင်စီတပ်နှင့် တအာင်းတပ်မတော်   PSLF/TNLA တို့ တိုက်ပွဲဖြစ်ပွားခဲ့သည်။ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်မှ Jet Fighter ဖြင့် (၅)ကြိမ် လာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့သည်။

 

(၄) တပ်မဟာ (၂) စစ်ဒေသ၊ သီပေါမြို့နယ် ဆွန်လုံကျေးရွာဘက်တွင် စစ်ကောင်စီတပ်နှင့် တအာင်းတပ်မတော်   PSLF/TNLA တို့ ယနေ့ ညနေပိုင်း (၅း၃၀) နာရီအချိန်တွင် တိုက်ပွဲဖြစ်ပွားခဲ့သည်။

 

ယနေ့ ဇွန်လ ၂၅ ရက်နေ့တွင် နောင်ချိုမြို့နယ်၊ ကျောက်မဲမြို့နယ်နှင့် မိုးကုတ်မြို့နယ်တို့တွင် စစ်ကောင်စီတပ်နှင့် တအာင်းတပ်မတော် (PSLF/TNLA) တပ်ဖွဲ့တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့သည်။ စစ်ကောင်စီတပ်မှ လက်နက်ကြီးနှင့် လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား(၅)ဉီးထိခိုက်ခဲ့ပြီး (၂)ဉီးသေဆုံးကာ (၃)ဉီးထိခိုက်ဒဏ်ရာရှိခဲ့ပါသည်။ ထို့ပြင် စစ်ကောင်စီတပ်မှ ထောက်ပို့ယာဉ် Mi17 ဖြင့် (၃)ကြိမ် စစ်မြေပြင်သို့ လက်နက်ခဲယမ်းများ လာရောက်ဖြည့်တင်းခဲ့သည်။

 

 

#PSLF/TNLA

#သတင်းနှင့်ပြန်ကြား‌ရေးဌာန

Topics: တအာင်းပြည်အတွင်း ဇွန်လ ၂၅ ရက်နေ့ တိုက်ပွဲသတင်းအချုပ်နှင့် စစ်ကောင်စီတပ်မှ လူထုအား ပစ်မှတ်ထားတိုက်ခိုက်နေမှုသတင်းများ
Tags: တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် တအာင်းနိုင်ငံရေး တအာင်းပြည် တအာင်းပြည်အစိုးရ

မှတ်ချက်များ
သင်၏ ထင်မြင်ချက်