297

မိုးကုတ်၊ ကျောက်မဲနှင့် နောင်ချိုမြို့နယ်တွင် စစ်ကောင်စီတပ်နှင့် တအာင်းတပ်မတော် PSLF/TNLA တို့ တိုက်ပွဲဆက်လက်ဖြစ်ပွား

သတင်း / နိုင်ငံရေး
25 June 2024

မိုးကုတ်၊ ကျောက်မဲနှင့် နောင်ချိုမြို့နယ်တွင် စစ်ကောင်စီတပ်နှင့် တအာင်းတပ်မတော် PSLF/TNLA တို့  တိုက်ပွဲဆက်လက်ဖြစ်ပွား

 

တအာင်းပြည်၊ ဇွန်လ (၂၅)ရက်

၁၀၂၇ စစ်ဆင်ရေး (အဆက်)

 

(၁) တအာင်းပြည် တပ်မဟာ(၂) စစ်ဒေသ၊ နောင်ချိုမြို့နယ် ကျောက်ကြမ်းရွာတွင် စစ်ကောင်စီတပ်နှင့် တအာင်းတပ်မတော်   PSLF/TNLA တို့ ယနေ့ နံနက် (၅း၃၀) နာရီအချိန်တွင် တိုက်ပွဲဆက်လက်ဖြစ်ပွားသည်။ စစ်ကောင်စီတပ်မှ Jet Fighter ဖြင့် ဗုံး (၄)လုံး လာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့သည်။

 

(၂) တပ်မဟာ(၂) စစ်ဒေသ၊ ကျောက်မဲမြို့နယ် ငြိမ်းချမ်းရေးကုန်းတွင် စစ်ကောင်စီတပ်နှင့် တအာင်းတပ်မတော်   PSLF/TNLA တို့ ယနေ့ နံနက် (၅း၃၀) နာရီအချိန်တွင် တိုက်ပွဲဖြစ်ပွားခဲ့သည်။

 

(၃) တပ်မဟာ (၂) စစ်ဒေသ၊ မိုးကုတ်မြိုနယ် ပန်းဆပေရွာဘက်တွင် စစ်ကောင်စီတပ်နှင့် တအာင်းတပ်မတော်   PSLF/TNLA တို ယနေ့ နံနက် (၉း၄၁) နာရီအချိန်တွင် တိုက်ပွဲဖြစ်ပွားခဲ့သည်။ 

 

#PSLF/TNLA

#သတင်းနှင့်ပြန်ကြားရေးဌာန

 

Topics: မိုးကုတ်၊ ကျောက်မဲနှင့် နောင်ချိုမြို့နယ်တွင် စစ်ကောင်စီတပ်နှင့် တအာင်းတပ်မတော် PSLF/TNLA တို့ တိုက်ပွဲဆက်လက်ဖြစ်ပွား
Tags: တအာင်းနိုင်ငံရေး တအာင်းပြည်အစိုးရ

မှတ်ချက်များ
သင်၏ ထင်မြင်ချက်