294

စစ်ကောင်စီတပ်ဖွဲ့မှ အထက်ပိန်းပစ်ရွာသို့ ဒရုန်းဖြင့်တိုက်ခိုက်ခြင်းကြောင့် ရွာဘုန်းကြီးကျောင်းဆောင်ပျက်စီး

သတင်း / နိုင်ငံရေး
22 June 2024

စစ်ကောင်စီတပ်ဖွဲ့မှ အထက်ပိန်းပစ်ရွာသို့ ဒရုန်းဖြင့်တိုက်ခိုက်ခြင်းကြောင့် ရွာဘုန်းကြီးကျောင်းဆောင်ပျက်စီး

မိုးကုတ်၊ ဇွန်လ (၂၂)ရက် 

တအာင်းပြည်သတင်း


တအာင်းပြည် တပ်မဟာ (၂) စစ်ဒေသ မိုးကုတ်မြို့နယ် အထက်ပိန်းပြစ်ရွာသို့ စစ်ကောင်စီတပ်ဖွဲ့မှ ဒရုန်းဖြင့်တိုက်ခိုက်ရာ ရွာဘုန်းတော်ကြီးကျောင်းဆောင် ထိခိုက်ပျက်စီးခဲ့သည်။ 

ဇွန်လ (၂၂)ရက် ညနေ (၃)နာရီခွဲအချိန်တွင် အောက်ပိန်းပြစ်ရွာ၌ တပ်စွဲထားသည့် စစ်ကောင်စီစစ်ကြောင်းသည် အထက်ပိန်းပြစ်ရွာသို့ ဒရုန်းဖြင့်တိုက်ခိုက်ခြင်းပြုလုပ်ခဲ့သည်။ စစ်ကောင်စီသည် အရပ်သားပြည်သူများနှင့် ရဟန်းသံဃာတော်များ ဘာသာရေးအဆောက်အဦးများအား ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်ခြင်းဖြစ်သည်။





ထိုတိုက်ခိုက်မှုအတွင်း လူထု ထိခိုက်မှုမရှိသော်လည်း ကျေးရွာထဲသို့ ဗုံးသီးကျရောက်ပေါက်ကွဲမှုကြောင့် ပြည်သူများစိုးရိမ်ထိတ်လန့်နေကြရသည်။ 




ထို့အပြင် နေ့လည် (၁၁)နာရီခွဲဝန်းကျင်တွင်လည်း စစ်ကောင်စီတပ်သည် မိုင်တိုင် အမှတ် (၅)မှ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် PSLF/TNLA တည်ရှိရာသို့ ထိုးစစ်ဆင်လာပြီး မိုင်တိုင်အမှတ် (၇) အောက်ပိန်းပြစ်နှင့် အထက်ပိန်းပြစ်ရွာကြားတွင် နှစ်ဖက်ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့သည်။


#PSLF

#TNLA

#သတင်းနှင့်ပြန်ကြားရေးဌာန

#စစ်ကောင်စီဘာသာရေးဦးတည်တိုက်ခိုက် 

#စစ်ကောင်စီအရပ်သားများဦးတည်တိုက်ခိုက် #မိုးကုတ်

Topics: စစ်ကောင်စီတပ်ဖွဲ့မှ အထက်ပိန်းပစ်ရွာသို့ ဒရုန်းဖြင့်တိုက်ခိုက်ခြင်းကြောင့် ရွာဘုန်းကြီးကျောင်းဆောင်ပျက်စီး
Tags: တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် တအာင်းနိုင်ငံရေး တအာင်းပြည် တအာင်းပြည်အစိုးရ

မှတ်ချက်များ
သင်၏ ထင်မြင်ချက်