292

လားရှိုးမြို့တွင် ပေါက်ကွဲမှုတစ်ခုဖြစ်၍ (၁၂) အရွယ် ကလေးငယ် (၁) ဦး လက်နှစ်ဖက်ပြတ်ပြီး (၃) ဦး ပြင်းထန်စွာဒဏ်ရာရ

သတင်း / နိုင်ငံရေး
21 June 2024

လားရှိုးမြို့တွင် ပေါက်ကွဲမှုတစ်ခုဖြစ်၍ (၁၂) အရွယ် ကလေးငယ် (၁) ဦး လက်နှစ်ဖက်ပြတ်ပြီး (၃) ဦး ပြင်းထန်စွာဒဏ်ရာရ

လားရှိုး၊ ဇွန်လ ၂၁ ရက်
တအားပြည်သတင်း


တအာင်းပြည် တပ်မဟာ (၆)စစ်ဒေသ လားရှိုးမြို့ ရက်ကွပ်(၇) နယ်မြေ (၆)ရှိ ရပ်ကွက်ရုံးရှေ့တွင် စစ်လက်နက်ကြွင်းကျန်တစ်ခု ပေါက်ကွဲ၍ အသက် (၁၂)နှစ်အရွယ် ကလေးငယ်တစ်ဦး လက်နှစ်ဖက်ပြတ်ကာ  (၃)ဦး ပြင်းထန်စွာဒဏ်ရာရရှိခဲ့သသည်။




အဆိုပါကလေးငယ်များမှာ ရပ်ကွက်ရုံးအနီးတွင် လက်နက်အမျိုးအစားမသိသည့် စစ်လက်နက်ကြွင်းကျန်တစ်ခုအား ကောက်ယူဆော့ကစားရာမှ ပေါက်ကွဲခဲ့ခြင်းဖြစ်သည်။





လက်နှစ်ဖက်ပြတ်သည့် ကလေးငယ်မှာ မျက်လုံးပါထိခိုက်ခဲ့ပြီး ကျန်သည့်ကလေးငယ်များမှာ နှဖူး၊ ခြေထောက်၊ မျက်နှာစသည့်နေရာမျာတွင် ဒဏ်ရာအသီးသီးရရှိခဲ့သည်။ အသက် (၁၀)အရွယ်ကလေးငယ်တစ်ဦးသာ မစိုးရိမ်ရသည့်ဒဏ်ရာ ရရှိထားသည်။




ထိုကလေးငယ်များသည် လားရှိုးဆေးရုံတွင် ဆေးကုသမှုခံယူနေကြသည်။

#PSLF/TNLA
#သတင်းနှင့်ပြန်ကြားရေးဌာန

Topics: တအာင်းပြည် တပ်မဟာ (၆)စစ်ဒေသ လားရှိုးမြို့ ရပ်ကွက်(၇) နယ်မြေ (၆)ရှိ ရပ်ကွက်ရုံးရှေ့တွင် စစ်လက်နက်ကြွင်းကျန်တစ်ခု ပေါက်ကွဲ၍ အသက် (၁၂)နှစ်အရွယ် ကလေးငယ်တစ်ဦး လက်နှစ်ဖက်ပြတ်ကာ (၃)ဦး ပြင်းထန်စွာဒဏ်ရာရရှိခဲ့သသည်။
Tags: တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် တအာင်းနိုင်ငံရေး တအာင်းပြည် တအာင်းသတင်း

မှတ်ချက်များ
သင်၏ ထင်မြင်ချက်