287

စစ်ကောင်စီတပ်ဖွဲ့မှ ဒရုန်းအပါအဝင် ဂျက်လေယာဥ်ဖြင့် ဗုံးကြဲမှုကြောင့် TNLA တပ်ဖွဲ့ဝင် ၂ ဦး အသက်ပေးလှူခဲ့ရပြီး ဒေသခံ ၃ ဦး ဒဏ်ရာရ

သတင်း / နိုင်ငံရေး
19 June 2024

စစ်ကောင်စီတပ်ဖွဲ့မှ ဒရုန်းအပါအဝင် ဂျက်လေယာဥ်ဖြင့် ဗုံးကြဲမှုကြောင့် TNLA တပ်ဖွဲ့ဝင် ၂ ဦး အသက်ပေးလှူခဲ့ရပြီး ဒေသခံ ၃ ဦး ဒဏ်ရာရ

နောင်ချို၊ ဇွန်လ (၁၉)ရက်
တအာင်းပြည်သတင်း

တအာင်းပြည် တပ်မဟာ (၂) စစ်ဒေသ နောင်ချိုမြို့နယ်ရှိ တအာင်းတပ်မတော် တပ်စခန်းသို့ စစ်ကောင်စီတပ်ဖွဲ့မှ ဒရုန်းဖြင့်ဗုံးကြဲတိုက်ခိုက်ရာ TNLA ရဲဘော် (၂) ဦီး အသက်ပေးလှူခဲ့ရသည်။




စစ်ကောင်စီ တပ်စွဲထားသည့် ရွှေညောင်ပင်ရွာမှ  ဆမ္မဆယ်ရွာသို့ ဇွန်လ (၁၉)ရက် နေ့လည် (၁၁း၂၅)နာရီ တွင်တစ်ကြိမ်၊ (၁၁း၃၃)တွင်တစ်ကြိမ် ဒရုန်းဖြင့်လာရောက်တိုက်ခိုက်ခဲ့ခြင်းသည်။




အလားတူ ယနေ့နေ့လည်(၃း၃၀) အချိန်တွင် မိုးကုတ်မြို့နယ် တောင်နီကျေးရွာတွင် စစ်ကောင်စီတပ်က ဂျက်လေယာဥ်ဖြင့် လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့သည်။ ဤတိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူတစ်ဦးသေဆုံးပြီး (၃) ဦးဒဏ်ရာရသည်။ ထိုထဲတွင် အသက်  (၁၀)နှစ်အရွယ်ကလေးငယ်တစ်ဦးလည်းပါဝင်သည်။ ထို့အပြင် လူနေအိမ် (၂)လုံးလည်း ထိခိုက်ပျက်ဆီးခဲ့သည်။




ဇွန်လ (၁၈)ရက်နေ့တွင်လည်း နောင်ချိုမြို့နယ် အုမ္မတီးရွာတွင် တပ်စွဲထားသည့်စစ်ကောင်စီအဖွဲ့မှ ဆမ္မဆယ်ရွာအနီးရှိ TNLA တပ်စခန်းအား ဒရုန်းဖြင့် ဗုံး(၄)လုံးလာရောက်ဗုံးကြဲမှုကြောင့် TNLA ရဲဘော် (၁)ဦး အသက်ပေးလှူခဲ့ရပြီး (၄) ဦးဒဏ်ရာပြင်ထန်ရရှိခဲ့သည်။

စစ်ကောင်စီသည် ဟိုင်ဂင်သဘောတူညီချက်အား အကြိမ်ကြိမ်ချိုးဖောက်ပြီး တအာင်းတပ်မတော် TNLA တည်ရှိရာသို့ နေ့စဉ် ဒရုန်းနှင့် လက်နက်ကြီးပစ်ခတ်မှုများ ဆက်တိုက်ပြုလုပ်သည့်အပြင် PSLF/TNLA ထိန်းချုပ်ရာမြို့သို့ ဆက်သွယ်ထားသည့် လမ်းကြောင်းများဖြတ်တောက်ခြင်း၊ ကုန်စည်စီးဆင်းမှု ကန့်သတ်ပိတ်ပင်ခြင်းပြုလုပ်လျှက်ရှိသည်။


#PSLF/TNLA
#သတင်းနှင့်ပြန်ကြားရေးဌာန
#စစ်ကောင်စီတပ်
#ဒရုန်းလက်နက်ကြီးပစ်ခတ်

Topics: တအာင်းပြည် တပ်မဟာ (၂) စစ်ဒေသ နောင်ချိုမြို့နယ်ရှိ တအာင်းတပ်မတော် တပ်စခန်းသို့ စစ်ကောင်စီတပ်ဖွဲ့မှ ဒရုန်းဖြင့်ဗုံးကြဲတိုက်ခိုက်ရာ TNLA ရဲဘော် (၂) ဦီး အသက်ပေးလှူခဲ့ရသည်။
Tags: တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် တအာင်းနိုင်ငံရေး တအာင်းပြည် တအာင်းသတင်း တအာင်းပြည်အစိုးရ

မှတ်ချက်များ
သင်၏ ထင်မြင်ချက်