286

TNLA တပ်စခန်းရှိရာသို့ စစ်ကောင်စီက ဒရုန်းဖြင့်တိုက်ခိုက်၍ TNLA တပ်ဖွဲ့ဝင် (၄)ဦးဒဏ်ရာရ

သတင်း / နိုင်ငံရေး
19 June 2024

TNLA တပ်စခန်းရှိရာသို့ စစ်ကောင်စီက ဒရုန်းဖြင့်တိုက်ခိုက်၍ TNLA တပ်ဖွဲ့ဝင် (၄)ဦးဒဏ်ရာရ


နောင်ချို၊ ဇွန်လ (၁၈)ရက်

တအာင်းပြည်သတင်း


တအာင်းပြည် တပ်မဟာ (၂) စစ်ဒေသ နောင်ချိုမြို့နယ်တွင် စစ်ကောင်စီတပ်ဖွဲ့မှ ဒရုန်း (၂)စင်းဖြင့် လာရောက် ဗုံးကြဲတိုက်ခိုက်မှုကြောင့် တအာင်းတပ်မတော် TNLA တပ်ဖွဲ့ဝင် တစ်ဦး အသက်ပေးလှူခဲ့ရပြီး (၄)ဦးဒဏ်ရာရသည်။






ထို့အပြင် အုမ္မတီးရွာ၌ တပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့သည် ဆမ္မဆယ်ရွာဘက်သို့ လက်နက်ကြီး (၄)လုံးပစ်ခတ်ပြီး တအာင်းတပ်မတော် တပ်စခန်းရှိရာကို ကျရောက်ပေါက်ကွဲခဲ့သည်။ ဇွန်လ (၁၈)ရက် ညနေ (၃း၄၄) တွင်တစ်ကြိမ်၊ (၃း၅၀)တွင်တစ်ကြိမ်၊  (၃း၅၅)တွင်တစ်ကြိမ် လက်နက်ကြီးပစ်ခတ်မှုတွေပြုလုပ်နေပါသည်။


ဇွန်လ (၉) ရက်နေ့တွင်လည်း တအာင်းပြည် မိုးမိတ်မြို့နယ်၌ စစ်ကောင်စီတပ်မှ ပေါင် (၅၀၀) ဗုံးအသုံးပြု၍ မန်ပိန်းနှင့် ပန်တင်ရွာကြားတွင် လာရောက်ကြဲချခဲ့ပြီး TNLA တပ်သား (၃) ဦး ထိခိုက်ဒဏ်ရာရှိခဲ့သည်။


စစ်ကောင်စီသည် ဟိုင်ဂင်သဘောတူညီချက်ကို အကြိမ်ကြိမ်ချိုးဖောက်ပြီး တအာင်းတပ်မတော် တည်ရှိရာကို နေ့စဉ်လက်နက်ကြီးပစ်ခတ်မှုများ ဆက်တိုက်ပြုလုပ်လျှက်ရှိသည်။ 


#PSLF/TNLA 

#သတင်းနှင့်ပြန်ကြားရေးဌာန 

#စစ်ကောင်စီလက်နက်ကြီးပစ်ခတ်

Topics: TNLA တပ်စခန်းရှိရာသို့ စစ်ကောင်စီက ဒရုန်းဖြင့်တိုက်ခိုက်၍ TNLA တပ်ဖွဲ့ဝင် (၄)ဦးဒဏ်ရာရ
Tags: တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် တအာင်းနိုင်ငံရေး တအာင်းပြည် တအာင်းပြည်အစိုးရ

မှတ်ချက်များ
သင်၏ ထင်မြင်ချက်