284

မိုးမိတ်နှင့် နောင်ချိုတို့တွင် စစ်ကောင်စီတပ်မှ လက်နက်ကြီးအပြင် ဒရုန်းဖြင့်​ဗုံးကြဲတိုက်ခိုက်

သတင်း / နိုင်ငံရေး
17 June 2024

မိုးမိတ်နှင့် နောင်ချိုတို့တွင် စစ်ကောင်စီတပ်မှ လက်နက်ကြီးအပြင် ဒရုန်းဖြင့်​ဗုံးကြဲတိုက်ခိုက်

နမ့်ဆန်၊ ဇွန်လ ၁၇ ရက်
တအာင်းပြည်သတင်း

တအာင်းပြည်၊ တပ်မဟာ(၂)စစ်ဒေသ၊ နောင်ချိုမြို့နယ်တွင် စစ်ကောင်စီတပ်မှ ယမန်နေ့ ဇွန်လ(၁၆)ရက်နေ့၊ ညနေ(၃း၃၀)နာရီအချိန်တွင် စစ်ကောင်စီတပ်မှ ဘန့်ဘွေကျေးရွာမှ ဆမ္မဆယ်ရွာသို့ ဒရုန်းဖြင့် ဗုံး(၄)လုံး လာရောက်ကြဲချတိုက်ခိုက်ခဲ့သည်။

ထို့နောက် ညနေ(၄)နာရီခန့်အချိန်တွင်လည်း အုမ္မတီးနှင့် အုမ္မခါးရွာတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်သည် သုံးဆယ်ကျေးရွာ (၈)ရပ်ကွက်သို့ လက်နက်ဖြင့် (၂)ကြိမ် ထပ်မံပစ်ခတ်ခဲ့သည်။

ထို့အပြင် ဇွန်လ(၁၅)ရက်နေ့၊ ည(၉း၄၅)နာရီမှ (၁၂း၀၀)နာရီအထိ မိုးမိတ်​မြို့တွင် စစ်ကောင်စီတပ်သည်  ဒိုပင်ကျေးရွာသို့ဦးတည်ကာ လက်နက်ကြီး (၆)ကြိမ်၊ နောင်ချိုမြို့နယ် အုမ္မတီးနှင့် အုမ္မခါးလမ်းခွဲမှနေ၍ ဆမ္မဆယ်ရွာဘက်သို့ လက်နက်ကြီး (၈)လုံး ပစ်ခတ်ခဲ့သည်။

စစ်ကောင်စီတပ်သည် ပြည်သူများနေထိုင်ရာ ကျေးရွာများသို့  ရည်ရွယ်ချက်ရှိရှိ ဒရုန်းနှင့်လက်နက်ကြီးများ ပစ်ခတ်မှုကြောင့် ကျေးရွာဒေသခံအချို့ စိုးရိမ်ပြီး ဘေးလွတ်ရာသို့ တိမ်းရှောင်​နေထိုင်​ခဲ့ကြရသည်။

​လွန်ခဲ့သည့် ဇွန်လ (၁)ရက်နေ့မှ ယမန်နေ့(၁၆)ရက်နေ့အထိ မိုးမိတ်နှင့် နောင်ချိုမြို့နယ်တွင် စစ်ကောင်စီတပ်ဖွဲ့မှ ဒရုန်းဖြင့် ဗုံး(၄)လုံးနှင့် လက်နက်ကြီး (၄၂)ကြိမ် ထက်မနည်း ပစ်ခတ်ခဲ့သည်။

#PSLF/TNLA
#သတင်းနှင့်ပြန်ကြားရေးဌာန
#မိုးမိတ်#နောင်ချို#စစ်ကောင်စီတပ်#ဒရုန်း# လက်နက်ကြီးပစ်ခတ်

Topics: မိုးမိတ်နှင့် နောင်ချိုတို့တွင် စစ်ကောင်စီတပ်မှ လက်နက်ကြီးအပြင် ဒရုန်းဖြင့်​ဗုံးကြဲတိုက်ခိုက်
Tags: တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် တအာင်းနိုင်ငံရေး တအာင်းပြည် တအာင်းပြည်အစိုးရ

မှတ်ချက်များ
သင်၏ ထင်မြင်ချက်